ယာဘားဆေးပြား ရ၇၀ နှင့် အတူ မြန်မာနိုင်ငံသား တဦးကို ဘင်္ဂလာတွင် ဖမ်းဆီး

ယာဘားဆေးပြား ရ၇၀ နှင့် အတူ မြန်မာနိုင်ငံသား တဦးကို ဘင်္ဂလာတွင် ဖမ်းဆီး
by -
မင်းဆက်ခိုင်
ဘင်္ဂလာဒေ့ချ်နိုင်ငံ၏ ဒုတိယ မြို့တော်ဖြစ်သော စစ်တကောင်းတွင် မြန်မာနိုင်ငံမှ တရား မဝင် ၀င်ရောက်လာသူ တဦးကို ယာဘားဆေးပြား ရ၇၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလာ အရာရှိများက ပြော ...

(နိရဥ္စရာ) ဘင်္ဂလာဒေ့ချ်နိုင်ငံ၏ ဒုတိယ မြို့တော်ဖြစ်သော စစ်တကောင်းတွင် မြန်မာနိုင်ငံမှ တရား မဝင် ၀င်ရောက်လာသူ တဦးကို ယာဘားဆေးပြား ရ၇၀ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဘင်္ဂလာ အရာရှိများက ပြောသည်။
 
ဖမ်းဆီးခံရသူမှာ အဒူရာမာန် ၃၂ နှစ် ဖြစ်ပြီး စနေနေ့ ည ၈နာရီခန့် (ဒေသစံတော်ချိန်) အချိန်တွင် စစ်တကောင်းမြို့ ဒန်းပါရာ(Dampara) ကားဂိတ် တနေရာတွင် သူ့ကို အဆိုပါ ဆေးပြားများနှင့် အတူ ဘင်္ဂလာ အထူး မူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ (Rapid Action Battalion- RAB ) အဖွဲ့က ဖမ်းဆီးရမိခြင်း ဖြစ်သည်။
 
RAB အဖွဲ့က စစ်ဆေး မေးမြန်းရာတွင် အဒူရာမာန်က ၎င်းမှာ မြန်မာနိုင်ငံ နယ်စပ် မောင်တောမြို့ နယ်က ဖြစ်ကြောင်း ၀န်ခံပြီး ယာဘားဆေးပြားများကို ရောင်းချရန် ဘင်္ဂလာဒေချ့်သို့ လာရောက်ခြင်း ဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း (RAB)အရာရှိ တဦးက ပြောသည်။
 
ယခု ဖမ်းဆီး ရမိသော ဆေးပြား၏ တန်ဖိုးမှာ ဘင်္ဂလာဒေချ့်တွင် တာကာ တသန်းကျော်ဖိုး တန်ဖိုးရှိသည်ဟု သိရသည်။
 
မြန်မာနိုင်ငံမှ ယာဘား ဆေးပြားများကို မှောင်ခိုသမားများက ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ နေ့စဉ် တင်သွင်းနေသဖြင့် ဘင်္ဂလာဒေချ့် လုံခြံုရေး တပ်ဖွဲဲဝင်များက အထူး အာရုံစိုက်ပြီး စောင့်ကြည့် နေစဉ် အဒူရာမာန် ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
 
ယခုကဲ့သို့ ဘင်္ဂလာတွင် ယာဘား မှောင်ခို သမားများကို ဖမ်းဆီးမူများ တိုးပွားနေသော်လည်း ဆင်းရဲမွဲတည်မူနှင့် အလုပ်လက်မဲ့ ပြဿနာကြောင့် မြန်မာနိုင်ငံသားများမှာ ယာဘားဆေးပြား မှောင်ခို လုပ်ငန်းများတွင် ပါ၀င်ပတ်သက်နေပြီး နေ့စဉ် ဘင်္ဂလာသို့ တင်ပို့ နေကြောင်း နယ်စပ် သတင်းများအရ သိရှိရသည်။
 
မြန်မာနိုင်ငံမှ ၀င်ရောက်လာသော မှောင်ခိုပစ္စည်းများထဲတွင် ဖမ်းဆီး ရမိဆုံး ပစ္စည်းများမှာ အရက်၊ ဘီယာနှင့် ယာဘားတို့ ဖြစ်သည်ဟု နယ်စပ် ဘင်္ဂလာ ရဲအရာရှိတဦးက ပြောသည်။
 
ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် ယာဘား စိတ်ကြွဆေးပြားများမှာ စျေးကောင်းရနေပြီး တက္ကသိုလ်ကျောင်းသား/သူများ၊ သရုပ်ဆောင်များ/ အဆိုတော်များ ကြားတွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြကြောင်း လေ့လာသူ တဦးက ပြောသည်။

Most read this week