ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များ အားလုံး လုံခြံုရေး ဆိုင်ရာ အစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များ အားလုံး လုံခြံုရေး ဆိုင်ရာ အစည်းအဝေး ပြုလုပ်
ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် တပြိုင်နက်တည်း လုံခြံုရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်မှ စတင်ပြီး ပြုလုပ်နေသည်ဟု သတင်းရရှိသည်။ ဘူးသီးတောင်မြို့တွင် မြို့နယ်လုံခြံုရေး အစည်းအဝေးကို ယနေ့နံနက်က စတင်ပြီး ပြုလုပ်နေ ...

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ အားလုံးတွင် တပြိုင်နက်တည်း လုံခြံုရေး ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်မှ စတင်ပြီး ပြုလုပ်နေသည်ဟု သတင်းရရှိသည်။
 
ဘူးသီးတောင်မြို့တွင် မြို့နယ်လုံခြံုရေး အစည်းအဝေးကို ယနေ့နံနက်က စတင်ပြီး ပြုလုပ်နေကြောင်းနှင့် အစည်းအဝေးသို့ စကခ ၁၅ မှူး၊ ဗျူဟာမှူးနှင့် ဘူးသီးတောင်-မောင်တောခရိုင် ဥက္ကဌ တို့ အပါအဝင် ဌာနဆို်င်ရာ အရာရှိများ တက်ရောက်နေသည်ဟု သိရသည်။
 
အလားတူ စစ်တွေတွင်လည်း လုံခြံုရေး အစည်းအဝေးကို ခရိုင်ရုံးတွင် ပြုလုပ်နေပြီး အဆင့်မြှင့် စစ်ဘက်ဆိုင်ရာ ၀န်ထမ်းများနှင့် အရပ်ဘက် ၀န်ထမ်းများ တက်ရောက်နေကြောင်း စစ်တွေက လာသော သတင်းတွင် ဖေါ်ပြသည်။
 
ယခုအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပါက နိုင်ငံ အနှံ့ ဆူပူမူများ ဖြစ်လာနိုင်သဖြင့် လုံခြံုရေးကို မြို့နယ်အလိုက် တိုးမြှင့်ထားရန် အထက်က ညွန်ကြားချက်အရ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
 
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချပါက နိုင်ငံအတွင်း မငြိမ်မသက်မူများ ဖြစ်လာနိုင်သဖြင့် ဒေါ်စုအမူ စီရင်ချက် ချမည့်နေ့ကို သြဂတ်စ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
 
ယခု လုံခြံုရေး ဆိုင်ရာ အစည်းအဝေး ပြီ်းပါက ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးကို ပိုမို တင်းကျပ်လာနိုင်သည်ဟု စစ်တွေမှ လေ့လာအကဲခတ်သူ တဦးက ပြောသည်။

Most read this week