အကြီးမားဆုံး ဘင်္ဂလာ စစ်သားများကို စစ်တကောင်းတောင်တန်းနယ်မှ ရုတ်သိမ်းမည်

အကြီးမားဆုံး ဘင်္ဂလာ စစ်သားများကို စစ်တကောင်းတောင်တန်းနယ်မှ ရုတ်သိမ်းမည်
ဘင်္ဂလာဒေချ့် အစိုးရမှ စစ်တကောင်းတောင်တန်းနယ်တွင် တပ်စွဲထားသော စစ်တပ် တပ်မတခုအား များမကြာမှီ စတင်ပြီး ရုတ်သိမ်းတော့မည် ဖြစ်ကြောင်း ယမန်နေ့က ကျေညာသည်။ အဆိုပါ ရုတ်သိမ်းမူကို များမကြာမှီ စတင်ရန်နှင့် စက်တင်္ဘာလအတွင်း အပြီးသတ် ရုတ်သိမ်းမည် ...

 
ဘင်္ဂလာဒေချ့် အစိုးရမှ စစ်တကောင်းတောင်တန်းနယ်တွင် တပ်စွဲထားသော စစ်တပ် တပ်မတခုအား များမကြာမှီ စတင်ပြီး ရုတ်သိမ်းတော့မည် ဖြစ်ကြောင်း ယမန်နေ့က ကျေညာသည်။
 
အဆိုပါ ရုတ်သိမ်းမူကို များမကြာမှီ စတင်ရန်နှင့် စက်တင်္ဘာလအတွင်း အပြီးသတ် ရုတ်သိမ်းမည် ဖြစ်ကြောင်း အစိုးရမှ ထုတ်ပြန်သော ကျေညာချက်တွင် ဖေါ်ပြသည်။
 
ယခုရုတ်သိမ်းမည့် အစီအစဉ်တွင် တပ်ရင်း (၃) ရင်းနှင့် စခန်းပေါင်း ၃၅ ခုပါ၀င်သည်။
 
ယခု အစီအစဉ်သည် ၁၉၉၇ ခုနှစ်က ချန်တီဘာဟီနီခေါ် သက်တော်လှန်ရေး အုပ်စုနှင့် ဘင်္ဂလာဒေချ့် အစိုးရ အကြား ငြိမ်းချမ်းရေး ရယူစဉ်က သဘော တူညီမူကို လက်ရှိ ရှိတ်ဟာဆီးနာ အစိုးရမှ အကောင်အထည် ဖေါ် ဆောင်ရွက်ခြင်း ဖြစ်သည်။
 
ချန်တီဘာဟီနီ ပြောက်ကျားများ လက်နက်စွန့် ငြိမ်းချမ်းရေး ရယူခဲ့သည့် ၁၉၉၇ ခုနှစ်မှ စတင်ပြီး စစ်တပ် စခန်း ၂၀၀ ခန့်ကို စစ်တကောင်းတောင်တန်းနယ်မှ ရုတ်သိမ်းခဲ့ပြီး ဖြစ်သည်ဟု အစိုးရဘက် တာဝန်ရှိသူများက ပြောသည်။
 
သို့သော်လည်း ငြိမ်းချမ်းရယူထားသည် ချန်တီဘာဟီနီများက စစ်တကောင်း တောင်တန်းနယ်တွင် အခြေစိုက်ထားသာ စခန်း စုစုပေါင်း ၄၀၀ တွင် ၁၅၀ ကိုသာ ရုတ်သိမ်းသေးကြောင်း ပြောဆိုသည်။
 
ငြိမ်းချမ်းရေး ရယူစဉ် ရှိတ်ဟာဆီးနာ ဦးဆောင်သော ဘင်္ဂလာဒေချ့် အစိုးရနှင့် ချန်တီဘာဟီနီများ အကြား သဘောတူညီချက် အများအပြားရှိ်ခဲ့သော်လည်း လွန်ခဲ့သော ဘီအန်ပီ အစိုးရ လက်ထက်တွင် အဆိုပါ သဘောတူညီချက်များကို အသိအမှတ် မပြုခဲ့ကြောင်း သိရသည်။
 
ငြိမ်းချမ်းရေး သဘောတူညီချက်များထဲတွင် စစ်တကောင်းတောင်နယ်တွင် ဘင်္ဂလာဒေချ့် လွတ်လပ်ရေး ရပြီးနောက် ၀င်ရောက်နေထိုင်သော မူဆလင် ဘင်္ဂလီ လူမျိုးများအား ထုတ်ပေးရန်နှင့် ဒေသခံများ ပိုင်ဆိုင်သော မြေယာများကို ပြန်လည် ဝေခြမ်းပေးရေး အစီအစဉ်များလည်း ပါ၀င်သည်။
 
စစ်တပ်များ ဆုတ်ခွာသွားသော်လည်း စစ်တကောင်းတောင်တန်းနယ် အုပ်ချုပ်ရေးကို ရဲအဖွဲ့နှင့် ဒေသဆိုင်ရာ အစိုးရ အဖွဲ့များက တာဝန် ယူသွားမည် ဖြစ်သည်ဟု သိရသည်။
 
စစ်တကာင်းတောင်တန်းနယ်တွင် သက်၊ မာရမာ၊ မြို၊ မြံု၊ လင်းကြေး၊ ဒိုင်းနက် စသည့် လူမျိုးများ နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

Most read this week