တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း

တပ်သားသစ်ကို ဆန်နှင့် ဖလှယ်ပြီး စုဆောင်း
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရှေ့တန်း စစ်စခန်းများမှ တပ်သားသစ်များကို စုဆောင်းရာတွင် ဆန်နှင့် ဖလှယ်ပြီး စုဆောင်းနေသည်ဟု သတင်းရရှိသည်။ အိန္ဒိယ- မြန်မာ နယ်စပ်ရှိ ပလက်ဝမြို့နယ်တွင် အစားအစာ ရှားပါးမူနှင့် ရင်ဆိုင်နေရ ...

 
ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရှေ့တန်း စစ်စခန်းများမှ တပ်သားသစ်များကို စုဆောင်းရာတွင် ဆန်နှင့် ဖလှယ်ပြီး စုဆောင်းနေသည်ဟု သတင်းရရှိသည်။
 
အိန္ဒိယ- မြန်မာ နယ်စပ်ရှိ ပလက်ဝမြို့နယ်တွင် အစားအစာ ရှားပါးမူနှင့် ရင်ဆိုင်နေရသဖြင့် နအဖ စစ်တပ်အရာရှိများမှ အဆိုပါ အခွင့်အရေးကို ယူပြီး စစ်တပ်ထဲသို့ ၀င်သူများကို ဆန်ထုတ်ပေးမည်ဟု ဆိုကာ ဆန်နှင့် ဖလှယ် စုဆောင်းနေခြင်း ဖြစ်သည်။
 
သို့အတွက် ပလက်ဝမြို့နယ် ပြင်တို်င်းကျေးရွာမှ လူငယ် (၃) ဦးမှာ မိသားစု အတွက် ဆန်ရမည် ဆိုသဖြင့် လွန်ခဲ့သော အပတ်က စစ်တပ်ထဲသို့ ၀င်ရောက်သွားသည်ဟု ဒေသခံ တဦးက ပြောသည်။
 
၀င်ရောက်သွားသော လူငယ် (၃) ဦးမှာ ဦးကိုးရစ် (ကွယ်လွန်) ၏သား ပြိုအောင် (အသက် ၂၁ နှစ်)၊ ဦးအိုလံ (ကွယ်လွန်) ၏သား ထွန်းလင်း (၁၉ နှစ်) နှင့် ဦးကြီးဒေါင်၏သား ရာမူ ( ၂၀) တို့ ဖြစ်သည်။
 
အဆိုပါ လူငယ်များမှာ အဖမရှိသူ ခမီး လူငယ်များ ဖြစ်ပြီး ခလရ ၃၄ ထဲသို့ ၀င်ရောက်သွားခြင်း ဖြစ်သည်။
 
သူတို့ စစ်တပ်ထဲသို့ ၀င်ရောက်သွားသဖြင့် တဦးစီင်္ကို ကျပ်ငွေ တသိိန်းနှင့် ရွာတွင် ကျန်ခဲ့သော မိသားစုများအတွက် ဆန်၊ ဆီ၊ ဆားနှင့် ငပိမှ အစ စစ်တပ်က ထောက်ပ့့ံပေးခဲ့သည်ဟု သိရသည်။
 
ထိုကဲ့သို့ ထောက်ပံ့ပေးခြင်းမှာ ဒေသအတွင်းရှိ တောင်ပေါ်သား လူငယ်များအား စစ်တပ်ထဲဝင်ရန် မက်လုံးပေးသည့် အနေဖြင့် ပေးကမ်းခြင်း ဖြစ်သည်ဟု သတင်းများက ဖေါ်ပြသည်။ သို့သော်လည်း အများစု လူငယ်များမှာ စစ်တပ်ထဲသို့ ၀င်ရောက်ရန် ကမ်းလှမ်းမူကို လက်မခံဘဲ ရှိနေကြသည် သိရသည်။
 
ယခုအခါ နအဖ စစ်တပ်အတွင်း တပ်သားသစ် ၀င်ရောက်မူနုန်း အလွန်ကျဆင်းနေရာ ပလက်ဝမြို့နယ်မှ အသက် ၁၇ နှစ်နှင့် ၂၅ နှစ်အကြား တောင်ပေါ်သား ခမီး၊ ချင်းနှင့် မြို လူငယ်များကို စာမတတ်သော်လည်း တပ်ထဲသို့ ၀င်ရောက်ရန် အတင်းစည်းရုံး သိမ်းသွင်းနေသည်ဟု သတင်းရရှိသည်။

Most read this week