မြစ်ကြီးနားနှင့် မိုးကောင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြား

မြစ်ကြီးနားနှင့် မိုးကောင်းတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုများပြား
by -
ခွန်အောင်မြတ်
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်တို့တွင် ကလေးငယ် နှင့် ဆယ်ကျော် သက်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ကလေးငယ်အချို့ သေဆုံး သူများ ရှိနေ ...

 
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်တို့တွင် ကလေးငယ် နှင့် ဆယ်ကျော် သက်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေပြီး ကလေးငယ်အချို့ သေဆုံး သူများ ရှိနေသည််။
 
ပြီးခဲ့သည့် နှစ်ပတ်မှစ၍သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုများပိုမိုဖြစ်ပွားလာသည်ဟု မိုးကောင်းမြို့နယ် နမ္မတီး ဒေသခံ တဦးက ပြောသည်။
 
“အခုဟာက ဒေသတခုလုံးနီးနီးကို ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး တော်တော် လေး တုတ်ကွေးက ရပ်ကွက်တရပ်ကွက်မှာ အိမ်ခြေတဝက်ကျော်ကျော် အဲလောက် ကို ဖျားကြနာကြ အဲလို ဆေးရုံဆေးခန်းတွေမှာ ပြည့်နှက်နေတာပဲ။ ကျနော်တို့ ပတ်ဝန်းကျင် ကျေးရွာတွေမှာရော တော်တော်များများဖြစ်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား မြို့တော်ပေါ်မှာ လည်း တော်တော်များ များဖြစ်တယ်။ ဆေးရုံဆေးခန်းကတော့ တော်တော် များများ အားလုံးနီးနီး ပါပဲ။ ဆေးရုံဆေးခန်းရှိတဲ့ နေရာတွေမှက လူတွေ အမြဲတန်းပြည့်ကျပ် နေတာပဲ။”
 
သွေးလွန်တုပ်ကွေးရောဂါကြောင့် အနည်းဆုံး ကလေးငယ် လေးဦးခန့် သေဆုံးသည်ဟု ၎င်းက ပြောသည်။
 
ခြင်ကျားပေါများလာမှုကြောင့် ရောဂါဖြစ်ပွားမှု ပိုများလာသည်ဟု ၎င်းက ဆက်ပြောသည်။
 
“ဒီနှစ်က ထူးခြားတာက ခါတိုင်းနှစ်ထက် ခြင်ကျားအသေးအစားမျိုးပေါ့နော် ဒီ ကချင်ပြည် ဒေသမှာ တော်တော်များများပေါက်ရောက်နေတာ ခါတိုင်းနှစ်ထက်ကို ပိုပြီးထူးခြားတယ်။ အဲဒီခြင်ကြောင့်ပေါ့ လေ ယူဆကြတယ်။ တော်တော်များများက။”
 
သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှင့် ပတ်သက်ပြီး မြစ်ကြီးနားဆေးရုံသို့ ဆက်သွယ် မေးမြန်းရာ “အဲဒီရောဂါ ကြောင့် ဆေးရုံမှာ လူနာတွေ ပြည့်နေတယ်။ မအားဘူး။” ဟု ပြောဆိုပြီး တယ်လီဖုန်း ချသွားသည်။
 
သက်ဆိုင်ရာ ကျန်းမာရေးဌာနများက တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ပညာပေးဟော ပြောပွဲများ ပြုလုပ်ခြင်း၊ ရပ်ကွက်အတွင်း ခြင်ဆေးပက်ဖြန်းပေးခြင်း၊ ချောင်းမြောင်းများလည်း ရှင်းလင်းပေးခြင်း မရှိသောကြောင့် ယခုလို အဖြစ်များနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Most read this week