ဆက်ဆံရေး တိုးတက်ခိုင်မာလာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ဒုက္ခသည် ပြဿနာကို မြန်မာက ဖြေရှင်းပေးရန်လို

ဆက်ဆံရေး တိုးတက်ခိုင်မာလာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ဒုက္ခသည် ပြဿနာကို မြန်မာက ဖြေရှင်းပေးရန်လို
ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို မြန်မာဘက်က ဖြေရှင်း ပေးရန် လိုကြောင်း ဘင်္ဂလာဒေချ့် ထိပ်တန်း အစိုးရ အရာရှိ တဦးက ပြော ...

 
ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံ အကြား ဆက်ဆံရေး တိုးတက် ကောင်းမွန်လာစေရန် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာကို မြန်မာဘက်က ဖြေရှင်း ပေးရန် လိုကြောင်း ဘင်္ဂလာဒေချ့် ထိပ်တန်း အစိုးရ အရာရှိ တဦးက ပြောသည်။
 
ဘင်္ဂလာဒေချ့် စားနပ်ရိက္ခာနှင် သဘာဝ ဘေးအန္တရာယ် ၀န်ကြီး ဒေါက်တာ MD Abdur Razzak က မြန်မာ သံအမတ် ဦးဖေသန်းဦးနှင့် တွေ့ဆုံစဉ် ယမန်နေ့က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
 
မြန်မာ သံအမတ် ဦးဖေသန်းဦးသည် ယမန်နေ့က အဆိုပါ ၀န်ကြီးကို သူ၏ ရုံးခန်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။
 
၀န်ကြီး ဒေါက်တာ ရာဇက်က မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ဒုက္ခသည်များမှာ ဒေသခံများနှင့် ရောနှောသွားခဲ့သော်လည်း သူတို့ကို လူသားချင်း စာနာမူအရ ဘင်္ဂလာဒေချ့် နိုင်ငံတွင် ခိုလုံခွင့်ပေးခဲ့သည်။
 
တချို့ ရိုဟင်ဂျာများသည် ဘင်္ဂလာဒေချ့် နိုင်ငံကူး လက်မှတ်များကို အသုံးပြုပြီး နိုင်ငံပေါင်း မြောက်မြားစွာသို့ ထွက်ခွာသွားပြီး ရောက်ရှိသည့် နိုင်ငံများတွင် ရာဇဝတ်မူများကို ကျူးလွန်နေသဖြင့် ဘင်္ဂလာဒေချ့်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်နေသည်ဟု ပြောဆိုသည်။
 
သို့အတွက် ၀န်ကြီးမှ မြန်မာ သံအမတ်အား အဆိုပါ ဒုက္ခသည် ပြဿနာကို အိမ်နီးချင်း (၂) နိုင်ငံ အနေဖြင့် အေးဆေးစွာ ဖြေရှင်းရန် ပြောကြားခဲ့သည်။
 
မြန်မာ သံအမတ် ဦးဖေသန်းဦးကလည်း ၀န်ကြီး ပြောကြားစကား အပေါ် လက်ခံခဲ့ပြီး ဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် အတွက် များမကြာမှီ ကော့ဘဇား ခရိုင်အတွင်းရှိ ဒုက္ခသည် စခန်းများသို့ ကိုယ်စားလှယ် တဖွဲ့ စေလွတ်သွားမည်ဟု ပြောကြားခဲ့သည်ဟု သတင်းများက ဖေါ်ပြသည်။

Most read this week