၀က်တုတ်ကွေးကြောင့် ကမ္ဘာတွင် သေဆုံးသူ ရ၀၀ ကျော်ရှိပြီ

၀က်တုတ်ကွေးကြောင့် ကမ္ဘာတွင် သေဆုံးသူ ရ၀၀ ကျော်ရှိပြီ
၀က်တုတ်ကွေး ရောဂါကြောင့် ကမ္ဘာ တဝန်းလုံးတွင် သေဆုံးသူ အရေအတွက် စုစုပေါင်း ရ၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောကြား ...

 
၀က်တုတ်ကွေး ရောဂါကြောင့် ကမ္ဘာ တဝန်းလုံးတွင် သေဆုံးသူ အရေအတွက် စုစုပေါင်း ရ၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေး အဖွဲ့ WHO က အင်္ဂါနေ့တွင် ထုတ်ဖေါ် ပြောကြားသည်။
 
အဆုံးပါ သေဆုံးမူ ပမာဏမှာ ၀တ်တုတ်ကွေး ရောဂါ စတင် ဖြစ်ပွားခဲ့သည့် (၄) လတာ ကာလအတွင်း သေဆုံးမူ ပမာဏ ဖြစ်သည်။
 
WHO ၏ စောစောပိုင်း ထုတ်ပြန်ချက်အရ ဇူလှိုင်လ ၆ ရက်နေ့ အထိ ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ ၄၂၉ ဦးသာ ရှိခဲ့သော်လည်း ယခုအခါ သေဆုံးသူ အရေအတွက်မှာ ရ၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့မှ ပြောခွင့်ရ အမျိုးသမီး Aphaluck Bhatiaseviကပြောသည်။
 
နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ၀က်တုတ်ကွေး ရောဂါ ဖြစ်ပွားနေပြီး နှစ်စဉ် ပုံမှန် တုတ်ကွေးကြောင့် ကမ္ဘာအဝန်းတွင် သေဆုံးသူ ၂၅၀၀၀၀ မှ ၅၀၀၀၀၀ အထိ ရှိလာနိုင်သည်ဟု WHO ခန့်မှန်း ပြောဆိုသည်။
 
A(H1N1) ၀က်တုတ်ကွေးကြောင့် သေဆုံးသူ အရေအတွက်မှာ တောင်နှင့် မြောက် အမေရိကတိုက် နိုင်ငံများတွင် အထူးမြှင့်တက်လာခဲ့ပြီး အင်ဂျင်တီးနားတွင် လွန်ခဲ့သော တနင်္လာနေ့ထိ သေဆုံးသူ ၁၆၅ ဦးထိ ရှိလာခဲ့ဖြင့် ကမ္ဘာတွင် ဒုတိယ အများဆုံး သေဆုံးသည့် နိုင်ငံ ဖြစ်လာခဲ့သည်။
 
အမေရိကန်မှာ ၀က်တုတ်ကွေးကြောင့် သေဆုံး ၂၁၁ ဦးရှိသဖြင့် ပထမ အသေအပျောက် အများဆုံး နိုင်ငံ ဖြစ်သည်။
 
မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ၀က်တုတ်ကွေး ရောဂါ ခံစားနေရသူ ၄ ဦးရှိပြီး မြန်မာအိမ်နီးချင်း ဘင်္ဂလာဒေချ့်တွင် ၂၃ ဦး ရှိသွားပြီ ဖြစ်သည်။

Most read this week