ထိုင်းစစ်တပ် တွေ့သည့် လက်နက်သည် ကေအဲန်ယူ ပစ္စည်းမဟုတ်ဟု ငြင်းဆို

ထိုင်းစစ်တပ် တွေ့သည့် လက်နက်သည် ကေအဲန်ယူ ပစ္စည်းမဟုတ်ဟု ငြင်းဆို
by -
ခွန်အောင်မြတ်
ထိုင်းစစ်တပ်က ယမန်နေ့တွင် တွေ့ရှိသည့် လက်နက်များသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ လက်နက်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။ ထိုင်းမြန်မာနယ်စပ် ထားဆောင်ယန်င်မြို့နယ် မဲဖလူကျေးရွာအနီးရှိ ရေတွင်းတခုအတွင်း ...

 
ထိုင်းစစ်တပ်က ယမန်နေ့တွင် တွေ့ရှိသည့် လက်နက်များသည် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ၏ လက်နက်မဟုတ်ကြောင်း ငြင်းဆိုလိုက်သည်။
 
ထိုင်းမြန်မာနယ်စပ် ထားဆောင်ယန်င်မြို့နယ် မဲဖလူကျေးရွာအနီးရှိ ရေတွင်းတခုအတွင်း လက်နက်နှင့််ကျည်များ ကို ထိုင်းနယ်ခြားစောင့်တပ်က တွေ့ရှိခဲ့သည်။
 
မဲဆောက် အခြေစိုက် အမှတ်(၄) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှ ဗိုလ်မှူးကြီး ပဒုံရစ် ဖဲုင်ဗွန်ဆို က ဦးစွာ အထင် ကရဖြစ် တိုင်းရင်းသားလူမျိုးစု လက်နက်ဟု ယူဆပြီး။ အစိုးရစစ်နှင့် တိုက်ပွဲဖြစ်ပြီး ထိုင်းနယ်မြေ အတွင်း ဆုတ် ၀င်လာသည့် ကေအန်ယူ တို့ လက်နက် ဖြစ်ပြီး လွန်ခဲ့သည့် ဇွန်လခန့်က မြုပ်နှံထားခြင်း ခန့်မှန်းယူဆရသည် ဟု ထိုင်းရုပ်သံလွှင့်များတွင် ပြောဆိုသည်။
 
ယင်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး စောလှငွေက ယခုလို ပြောသည်။
 
“ဘယ်ကေအဲန်ယူက တံဆိပ်ရိုက်ပြီးတော့ လက်နက်မြုပ်ထားလို့ တွေ့သလဲတော့မပြောတတ်ဘူး။ တံ ဆိပ်ရိုက်ပြီး တွေ့တယ်ဆိုလို့ရှိရင်တော့ ပြောပေါ့ဗျာ။ ကိုယ်တို့ကတော့ သူများနယ်ထဲမှာ လက်နက် တွေယူပြီး မြုပ်ထားဖို့၊ ကရင့်လက်နက် ကရင့်လက်ထဲမှာပဲ ထားတယ်။ သူများနယ်ထဲမှာ သွားမြုပ် ထားဖို့လို့၊ ရန်သူကိုသွားပေးဖို့ မညွှန်ကြားထားဘူး ဆိုတော့ အဲလိုလုပ်တဲ့သူကတော့ ကေအဲန်ယူ မဟုတ်ဘူး။ ကရင်သေနတ် ကရင်လက်ထဲ မှာပဲ ရှိရမယ်။ ကရင့်လက်ထဲမှာမရှိတဲ့ သေနတ်က ကရင် သေနတ်မဟုတ်ဘူး။”
 
လက်နက်မှောင်ခိုသမားများ၏ သိမ်းဆည်းမြုပ်နှံထားသည့် လက်နက်ပစ္စည်းများ ဖြစ်နိုင်သည်ဟု ဗိုလ်မှူး စော လှငွေက ပြောသည်။
 
“မှောင်ခိုပစ္စည်းလည်း ဖြစ်နိုင်တာပဲ။ အဲမှာလှောင်ထားပြီးတော့ တခါတလေကျ မှောင်ခိုတွေ က ဒီ ဘက်ကမ်းမှာ အဲလိုပဲ နားလည်မှုတွေနဲ့ အဲလိုလှောင်ထား၊ လှောင်ထားပြီးတာနဲ့ စျေးလိုက်တဲ့အချိန် မှာ လျှောက်ရောင်းတဲ့ကောင်တွေလည်းရှိတာပဲ အဲဒီ လက်နက်အရောင်းအဝယ်တွေကလည်း။ ကျန် တာက တခုရှိတာက ကျနော်တို့ဟာ ကျနော်တို့ ပစ္စည်းပါလို့ ပြောဖို့ အကြောင်းမရှိဘူး။ ဘာဖြစ်လို့ လဲဆို ကရင့်လက်နက်က ကရင့်လက် ထဲမှာပဲ ရှိတယ်။ ကရင်လက်ထဲမှာ မရှိတဲ့သေနတ် ကရင့် သေ နတ် မဟုတ်ဘူး။”
 
ယင်းလက်နက်များမှာ AK-47 သုံးလက်၊ M-16 လေးလက်၊ လက်နက်ကြီး မျိုးကွဲ နှစ်လက် ၊ ၆၀ မမ ကျည်သီး ၅ လုံးနှင့် လက်နက် ကျည်ဆံအများအပြား အပြင် မြေမြုပ်မိုင်းများ စစ်သုံးပစ္စည်းများလည်း ပါရှိသည်။
 
လက်နက်ပစ္စည်းသိုလှောင်ထားသည့် ရေတွင်းပုံစံသည် ကွန်ကရစ်များဖြင့် သေချာ ပြုလုပ်ပြီး သိမ်းဆည်းခြင်းဖြစ် သည်ဟု ထိုင်းသတင်းတွင် ဖော်ပြသည်။
 
လက်နက်ခဲယမ်များကို တွေ့ရှိသည့် မဲဖလူရွာသည် ယခင်လက မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေ ပူးပေါင်း တပ်ဖွဲ့တို့ ထိုင်းစစ်ဆင်တိုက်ခို်က်မှုကြောင့် လက်လွတ်ဆုံးရှုံး သွားသည့် ကေအဲန်ယူလက်အောက်ခံ တပ်မဟာ (၇) အခြေစိုက်ရာ တပ်စခန်းများနှင့် မျက်နှာခြင်းဆိုင် ဖြစ်သည်။

Most read this week