မိန်းခလေးတဦးအား သေနတ်ဖြင့်ပစ်သူ ပြည်သူ့စစ် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်

မိန်းခလေးတဦးအား သေနတ်ဖြင့်ပစ်သူ ပြည်သူ့စစ် တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်
ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်အတွင်း ဒေသခံ ရှမ်းအမျိုးသမီးတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နမ်း ခမ်းမြို့နယ်အခြေစိုက်၊ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တဦး လက်နက်နှင့်အတူ တရုတ်ပြည်ဘက်သို့ ထွက် ပြေးတိမ်းရှောင်နေ ...

 
ရှမ်းပြည်မြောက်ပိုင်း၊ နမ်းခမ်းမြို့နယ်အတွင်း ဒေသခံ ရှမ်းအမျိုးသမီးတဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် နမ်း ခမ်းမြို့နယ်အခြေစိုက်၊ပန်ဆေးပြည်သူ့စစ်အဖွဲ့မှ တပ်ဖွဲ့ဝင်တဦး လက်နက်နှင့်အတူ တရုတ်ပြည်ဘက်သို့ ထွက် ပြေးတိမ်းရှောင်နေသည်။
 
ဇူလိုင်လ (၁၅)ရက်နေ့ ညပိုင်းက နမ်းခမ်းမြို့နယ်၊ နောင်မရွာတွင် ဒေသခံရှမ်းအမျိုးသမီး နန်းဖောင်ခမ်း၊ အသက်(၁၇) နှစ်သည် ပန်ဆေး ပြည်သူ့စစ်အဖွဲ့မှ လှမျိုးဆိုသူ က ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သည်ဟု နမ်းခမ်းဒေသခံ တဦးက ပြောသည်။
 
“ကောင်လေးနဲ့ ကောင်မလေးစကားပြောနေတာကို သွားကျပ်တာပေါ့၊မင်းတို့က ဘာသဘောလဲ သမီး ရည်းစားလားပေါ့။ ဟိုကနားမလည်တော့ ဆွဲလားရမ်းလာလုပ်တယ်တဲ့။  ကောင်မလေးက ပြန်တွန်း တယ်လို့ပြောတယ်၊ အဲဒီမှာ အရက်လည်း မူးနေပုံရတယ်။ သေနတ်နဲ့ ထုတ်ပစ်တော့ ကောင်မလေးရဲ့ ဘက်ဘက် ပါးစောင်ကို ရှပ်မှန် သွားတာ။ အဲဒီမှာ ဆူညံညံဖြစ်တော့ အနားက ရွာသားတွေလည်း လာ ရော အဲဒီကောင်က သူနဲ့ အတူပါလာတဲ့ ဆိုင်ကယ်နဲ့ကောင် တယောက်နဲ့ တရုတ်ဘက် ထွက်ပြေးတာ။ တရုတ်နဲ့က ဟိုဘက်၊ ဒီဘက်တဆက်တည်းဆိုတော့ လွှတ်သွားတာပေါ့။”
 
ထွက်ပြေးသွားသည့် ပန်ဆေးပြည်သူ့စစ်အဖွဲ့ဝင် လှမျိုးဆိုသူအား ဖမ်းဆီးပေးရန် မြန်မာ အာဏာပိုင်များက တ ရုတ် နယ်စပ် အာဏာပိုင်များထံ ယမန်နေ့က အကြောင်းကြားထား သည်ဟု တရုတ်အာဏာပိုင်များနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။
 
“ဟိုလူသတ်မှုပြဿနာ မပြီးသေးဘူး နောက်ထပ် တမှု တိုးလာပြန်ပြီ။ လက်နက်နဲ့ ထွက်ပြေးလာတာ ။ ကောင်မလေးကို ပစ်ပြီး ပြေးလာတာ၊ ဟိုဘက်က ရှာခိုင်းတာနဲ့ တူပါတယ်။ လိုက်ရှာနေတုန်းပါဘဲ။ မမိသေးဘူး။ ဟိုတခါကလို မဆိုင်တဲ့ဟာတွေပါ ပါသွားမှာ စိုးရတယ်။”
 
ဇွန်လ(၁၇)ရက်နေ့က တရုတ်-မြန်မာ နယ်စပ် ကျယ်ဂေါင်မြို့တွင် တရုတ်လင်မယား နှစ်ဦး အား သတ်ဖြတ်သည့် အမှုဖြစ်ပွားခဲ့ရာ ကျယ်ဂေါင်မြို့တွင် ရှိသည့် ကုန်တင်ကုန်ချ အလုပ် သမားများ အပါအဝင် ဒေသအတွင်း စီးပွားလာရှာနေသည့် မြန်မာလူမျိုး နှစ်ရာကျော် အဖမ်းခံခဲ့ရပြီး ယခုအချိန်အထိ အချို့သူများကို ဆက်လက်ဖမ်း ဆီးထားသည်။

Most read this week