ဦးကျော်ခိုင်အား တရားစွဲဆိုသူ ဦးသန်းဖေ တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ

ဦးကျော်ခိုင်အား တရားစွဲဆိုသူ ဦးသန်းဖေ တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ
တောင်ကုတ်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်အား တရားစွဲဆိုပြီး အာဏာပိုင်များနှင့် ပူးပေါင်းကာ ထောင်ချခဲ့သူ ဦးသန်းဖေမှာ လွန်ခဲ့သော တရက်နှစ်ရက်က တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိ ...

 
တောင်ကုတ်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ခိုင်အား တရားစွဲဆိုပြီး အာဏာပိုင်များနှင့် ပူးပေါင်းကာ ထောင်ချခဲ့သူ ဦးသန်းဖေမှာ လွန်ခဲ့သော တရက်နှစ်ရက်က တောင်ကုတ်မြို့မှ ထွက်ပြေးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
 
အမည်မဖေါ်လိုသူ တောင်ကုတ်မှ လူငယ် တဦးက “ဦးသန်းဖေ ကို အမည်မသိ လူတစုက ခြိမ်းခြောက်တဲ့အပြင် သတ်ပစ် မယ်ဆိုပီး ကြံစည် ကြိုးစား ခဲ့တဲ့အတွက် တောင်ကုတ် ကနေ စစ်တွေကို တိတ်တဆိတ် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။ ခု တောင်ကုတ်မှာ သူမရှိတော့ပါဘူး” ဟု ပြောသည်။
 
အသက် ၈၇ နှစ်အရွယ်ရှိ ဦးကျော်ခိုင်အား အာဏာပိုင်များမှ ဖမ်းဆီးထောင်ချခြင်းနှင့့် ပတ်သက်ပြီး ဒေသခံ ပြည်သူများနှင့် သူ၏ ဆွေမျိုးများ အကြားတွင် အထူး မကျေနပ်မူ တိုးပွား နေသည်ဟု သိရသည်။
 
၄င်းနောက်ပိုင်းတွင် ဦးသန်းဖေ အပေါ် အများက ပိုပြီး မကျေမနပ် ဖြစ်လာခဲ့သည်။
 
“ခုစစ်တွေကို ထွက်ပြေးပြီး စစ်တွေမှာ ရှိတဲ့ အမျိုးသား အင်အားစု အဖွဲ့က လူတွေနဲ့ ပူးပေါင်းနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမှာလည်း သူဆက်ပီး ဒုက္ခတွေ့နိုူင်ပါတယ်” ဟု သူက ပြောသည်။
 
ဦးသန်းဖေသည် နာဂတ်စ် မုန်တိုင်းကာလအတွင်း ပြည်သူများထံမှ ငွေကြေးကောက်ခံသဖြင့် ဦးကျော်ခိုင်မှ ခေါ်ယူူ တားမြစ်ခဲ့သော်လည်း မလိုက်နာသဖြင့် ဦးကျော်ခိုင်မှ အဖွဲ့ချုပ်သို့ အကြောင်းကြားခဲ့ပြီး အဖွဲ့ချုပ်၏ သဘောတူညီချက်ဖြင့် ဦးသန်းဖေအား အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။
 
ထိုသို့ ထုတ်ပယ်သည်ကို မကျေနပ်သဖြင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် အသရေဖျက်မူနှင့် တရားစွဲဆိုခဲ့ပြီး တောင်ကုတ် တရားရုံးက ယခုလ ၁၃ ရက်နေ့က ပုဒ် ၅၀၀ ဖြင့် ထောင်ဒဏ် (၂) နှစ်ချမှတ်ခဲ့သည်။
 
ဦးကျော်ခိုင်မှာ အသက်အရွယ်အားဖြင့် ကြီးရင့်နေသူ ဖြစ်သဖြင့် တရားရုံးတွင် ထောင်ဒဏ်ချမှတ် အပြီးတွင် မူးလဲသွားသဖြင့် တရားရုံးတွင် အမူကို လာရောက် နားထောင်သူများ အကြား ရုတ်ရုတ် သည်းသည်း ဖြစ်သွား သဖြင့် ချက်ချင်း ကားပေါ်တွင်တင်ပြီး သံတွဲ ထောင်သို့ ယူဆောင် သွားခဲ့သည်ဟု သိရသည်။

Most read this week