ထိုင်းနယ်စပ်တွင် တရားမဝင်အလုပ်သမားများ ရာနှင့်ချီ အဖမ်းဆီးခံရ

ထိုင်းနယ်စပ်တွင် တရားမဝင်အလုပ်သမားများ ရာနှင့်ချီ အဖမ်းဆီးခံရ
by -
ခွန်အောင်မြတ်
ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များကို ထိုင်းနယ်ခြား စောင့်တပ်က ယနေ့နံနက် ၀င်ရောက်ဖမ်းဆီးရာ ကျောင်းသား ၁၀၀ ကျော် အပါအဝင် တရားမဝင်အလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရ ...

 
ထိုင်းမြန်မာနယ်စပ် ဖုတ်ဖရမြို့နယ်ရှိ စိုက်ပျိုးရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား များကို ထိုင်းနယ်ခြား စောင့်တပ်က ယနေ့နံနက် ၀င်ရောက်ဖမ်းဆီးရာ ကျောင်းသား ၁၀၀ ကျော် အပါအဝင် တရားမဝင်အလုပ်သမား ၃၀၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။
 
အလုပ်သမားများ စုစည်းနေထိုင်ရာ နေအိမ်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့နံနက် သုံးနာရီခွဲအချိန်တွင် ရှောင်တခင် ၀င်ရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု ယင်း ဒေသရှိ မြန်မာကျောင်းဆရာတဦးက ပြောသည်။
 
“သုံးနာရီခွဲကနေစပြီးဖမ်းတာ မနက်မိုးလင်းတဲ့အချိန်တိပဲ။ အခြေအနေကတော့ဗျာ တော်တော်ဆိုး တယ်ဗျ။ တချို့မိဘတွေထွက်ပြေးတာတောင် ကလေးလေးတွေကအိပ်ပြီးကျန်နေခဲ့တယ်။အဲဒီ ကလေး တွေကိုပါ အကုန်သိမ်းခေါ်သွားတယ်။”
 
ထိုသို့ဝင်ရောက်ဖမ်းဆီးရာတွင် ကိုယ်ပိုင်ပစည်းများဖြစ်သော ရုပ်မြင်သံကြားစက်များ၊ လက်ကိုင်ဖုန်းများပါ ယူ ဆောင် သိမ်းဆည်းသွားသည်ဟု အဆိုပါ ဆရာက ပြောသည်။
 
"အဖမ်းခံတဲ့ကလေးတွေထဲမှာ ကျနော်တို့ ကျောင်းသူကျောင်းသားတွေပါသွားတယ်။ကျနော့် ကျောင်း ကဆိုလို့ရှိရင် ကလေး ၁၂၀ ကျော်က ဒီမနက် နှစ်ယောက်ပဲလာတက်တယ်။ ၄၈ ကီလိုမီတာက ကျောင်းသားတွေလည်း အကုန်ပါသွားတယ်ပေါ့ဗျာ။ "
 
အဖမ်းခံရသည့်အထဲတွင် လသားနှင့် ရက်သား ရင်ခွင်ပိုက်ကလေးငယ် ၁၅ဦးထက် မနည်း ပါသွားသွားသည်ဟု ၎င်းက ပြောသည်။
 
ယခုဖမ်းဆီးမှုလုပ်သည့် အချိန်မှာ ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများအား လက်မှတ်သစ်များ လုပ် ပေးချိန်နှင့် တိုက်ဆိုင်နေသည်။
 
ဖုတ်ဖရမြို့နယ်အတွင်းရှိ မြန်မာအလုပ်သမားများကို လက်မှတ်ပြုလုပ်ကြရန် တိုက်တွန်းပြောဆိုရာ မလုပ်နိုင်ကြ သဖြင့် ဖမ်းဆီးခြင်းဖြစ်သည်ဟု ဖုတ်ဖရမြို့နယ်မှ အလုပ်သမား ထိုက်သူအောင်က ပြောသည်။
 
"ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းမယ်။ သတ်ရင်လည်းသေရမှာ၊ ထားရင်လည်း နေရ မှာ၊ ဖမ်းရင်လည်း ခံရမယ့် ကျနော်တို့ ဘဝမျိုးတွေ ငွေလည်းမရှိဘူး၊ တနေ့လုပ်စာ တနေ့လုပ်အား ခနဲ့ပဲ အလျှင်မီ အောင် သုံးစွဲနေရတာ အခြေအနေမျိုးမှာ အလုပ်သမားတွေကို ဖိအားမပေးသင့်ဘူး လို့ ကျနော်တို့ မြင်တယ်ပေါ့နော်။"
 
မြန်မာနိုင်ငံသား အများစု ရှိသည့် တာ့ခ်ခရိုင်အတွင်းရှိ အလုပ်သမားအများစုသည် အလုပ်ရှင်၏ အာမခံပေးခြင်း မရှိခြင်းနှင့် အလုပ်သမားလက်မှတ်ပြုလုပ်ရန် ကုန်ကျမည့် စရိတ်ကို ကြိုတင်ထုတ်မပေးသည့်အတွက် အလုပ် သမားအသစ်များ ထပ်မံပြုလုပ် နိုင်ခြင်းမရှိဟု အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

Most read this week