ဆင်းရဲ ကျပ်တည်းမူကြောင့် စစ်တွေတွင် လုယက်မူများ အထူး တိုးပွားလာ

ဆင်းရဲ ကျပ်တည်းမူကြောင့် စစ်တွေတွင် လုယက်မူများ အထူး တိုးပွားလာ
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဆင်းရဲ ကျပ်တည်းမူကြောင့် လုယက်မူများ အထူး တိုးပွားလာနေသည်ဟု အမည် မဖေါ်လိုသူ အမျိုးသမီး တဦးက နိရဥ္စရာသို့ ပြောသည်။ သူမက “အခု လုယက်မူတွေ အထူးတိုးပွားလာနေတဲ့ အတွက် အမျိုးသမီးတွေ အနေနဲ့ ...

 
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဆင်းရဲ ကျပ်တည်းမူကြောင့် လုယက်မူများ အထူး တိုးပွားလာနေသည်ဟု အမည် မဖေါ်လိုသူ အမျိုးသမီး တဦးက နိရဥ္စရာသို့ ပြောသည်။ သူမက “အခု လုယက်မူတွေ အထူးတိုးပွားလာနေတဲ့ အတွက် အမျိုးသမီးတွေ အနေနဲ့ ရွှေကြိုးတွေကို ၀တ်ပီး သွားလာတာကို ရှောင်ရှားလာရပါတယ်။ လမ်းဆုံ လမ်းခွတိုင်းမှာ လုယက်မူတွေ မကြာခဏ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း တခါမှ ဖမ်းမိတယ်ဆိုတာ မကြားရပါဘူး” ဟု ပြောသည်။
 
စစ်တွေတွင် လူအတော်များများမှာ စီးပွားရေး အဆင်မပြေ ဖြစ်နေပြီး အများစုမှာ အလုပ် လက်မဲ့ ဖြစ်နေကြသည်ဟု သိရသည်။
 
ထိုကဲ့သို့ စီးပွားရေး အဆင်မပြေသဖြင့် စစ်တွေတွင် ခိုးဆိုး လုယက်မူများ တိုးပွားလာခြင်း ဖြစ်သည်ဟု သူမက ပြောသည်။
 
“စစ်တွေမှာ ဘယ်သူကမှ စီးပွားရေး အဆင်မပြေဘူး။ လက်လုပ် လက်စား ဆင်းရဲသား တွေဆိုရင် ပိုဆိုးပါတယ်။ အခုစားမယ့်ဟာ အခုရှာမရ ဖြစ်နေတော့ ဆိုက်ကားနှင်းတဲ့ သူတွေသာ တနေ့ထက် တနေ့ ပိုများလာတာကို တွေ့ရပါတယ်။ ဆိုက်ကား အရေအတွက်ကလည်း စီးတဲ့လူထက် စစ်တွေမှာ များနေလေတော့ လူတွေလည်း ခုလို လုယက်မူတွေကို ကျူးလွန်လာကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
ယခင်က ခိုးဆိုး လုယက်မူများ မရှိသလောက် ဖြစ်ခဲ့သော စစ်တွေတွင် လုယက်မူများ အဆမတန် များပြားလာသဖြင့် ညဉ့်အချိန်တွင် အမျိုးသမီးများမှာ လက်ဝတ် လက်စားများနှင့် အပြင်သို့ မထွက်ရဲဘဲ ဖြစ်လာကြသည်ဟု သူမက ပြောဆိုသွားသည်။

Most read this week