မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ဆိပ်ကမ်းမှ တာကာ သန်းပေါင်း ၆၉၀ ရရှိ

မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ဆိပ်ကမ်းမှ တာကာ သန်းပေါင်း ၆၉၀ ရရှိ
၂၀၀၈-၀၉ ဘဏ္ဍာရေး အတွင်း မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ဆိပ်ကမ်းမှ နိုင်ငံတော်ဝင်ငွေ သန်းပေါင်း တာကာ ၆၉၀ ရရှိကြောင်း ဘင်္ဂလာ အာဏာပိုင်များက ယမန်နေ့က ထုတ်ဖေါ် ပြောကြား ...

၂၀၀၈-၀၉ ဘဏ္ဍာရေး အတွင်း မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ဆိပ်ကမ်းမှ နိုင်ငံတော်ဝင်ငွေ သန်းပေါင်း တာကာ ၆၉၀ ရရှိကြောင်း ဘင်္ဂလာ အာဏာပိုင်များက ယမန်နေ့က ထုတ်ဖေါ် ပြောကြားသည်။

အဆိုပါ ရရှိသော အကောက်တော်ဝင်ငွေမှာ သတ်မှတ် ရာတားချက် အနည်းငယ် လျော့နည်းနေပြီး ရာတား သတ်မှတ်ချက်မှာ တာကာ သန်းပေါင်း ရ၇၀ ဖြစ်သည်ဟု တက်ကနက် အကောက်ခွန်ဌာ အကြီးအကဲ ရှိတ်အာကာရန် ဟူစိန်က ပြောသည်။

အဆိုပါ ရာတားချက်ငွေမှာ ၂၀၀၇-၀၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနှင့် ကုန်သွယ်ရာတွင် တက်ကနက် ဆိပ်ကမ်းမှ ရရှိခဲ့သော ၀င်ငွေ ပမာဏ ဖြစ်သည်။

ယခုကဲ့သို့ အကောက်ခွန်ဝင်ငွေ သန်းပေါင်း ၈၀ နီးပါးခန့် လျော့ကျသွားရခြင်းမှာ မြန်မာဘက်မှ ငါးတင်ပို့မူ လျော့ကျသွား၍ ဖြစ်သည်ဟု ရှိတ်အာကာရန်က ပြောသည်။

၂၀၀၇-၀၈ ခုနှစ်တွင် တက်ကနက် ကုန်သွယ်ရေးဂိတ်မှ ရရှိခဲ့သော သန်းပေါင်း တာကာ ရ၇၀ တွင် ၆၀ ရာခိုင်းနုန်း အကောက်တော်ဝင်ငွေမှာ မြန်မာက တင်သွင်းလာသော ငါးများမှ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သော ၂၀၀၈-၀၉ ခုနှစ်အတွင်း မြန်မာမှ ငါးတင်ပို့မူ ရပ်ဆိုင်းသွားရခြင်းမှာ မသမာသူ စီးပွားရေးသမားများက မြန်မာငါးများတွင် ဖေါ်မလင် ဓါတု ဆေးဝါးများသုံးစွဲမူကြောင့် ဘင်္ဂလာဘက်မှ ၀ယ်လိုအား လျော့ကျသွား၍ ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံမှ လွန်ခဲ့သောနှစ်က အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ဘိနပ်မျိုးစုံ၊ သစ်မာ အမျိုးမျိုး၊ ဇီတော်ဖီ၊ ငါး၊ ငရုတ်ကောင်းစေ့ အပါအဝင် ကြက်သွန်ဖြူ ကြက်သွန်နီနှင့့် ဟင်းခတ် အမွှေးအကြိုင်များနှင့် ဆားစိမ် သနပ်များမှ ဖြစ်သည်ဟု သိရသည်။

အဆိုပါ တက်ကနက် ကုန်သွယ်ရေး ဆိပ်ကမ်းမှာ မောင်တောမြို့ တဘက်ကမ်း ဘင်္ဂလာဘက် နတ်မြစ် ကမ်းခြေတွင် တည်ရှိပြီး တက်ကနက်မြို့မှ မြောက်ဘက် (၅) မိုင်ခန့် အကွာတွင် တည်ရှိသည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသော တရားဝင်နှင့် တရားမဝင် ကုန်ပစ္စည်းများကို လက်ခံ ၀ယ်ယူရာ သင်္ဘောဆိပ်ကမ်း တခုဖြစ်ပြီး မြန်မာနှင့် ကုန်သွယ်ရာတွင် အဓိက အရေးပါဆုံး ဆိပ်ကမ်း ဖြစ််သည်။ မြန်မာနိုင်ငံ ကမ်းရိုးတန်း တလျောက်ရှိ ဆိပ်ကမ်းများမှ သင်္ဘောများ အမြဲဝင်ထွက်သွားလာနေသော ဆိပ်ကမ်း တခုလည်း ဖြစ်သည်။

ဘင်္ဂလာဒေချ့် အရာရှိများ အနေဖြင့် နှစ်စဉ်နှစ်တိုင်း တက်ကနက် ဆိပ်ကမ်းမှ မြန်မာနှင့် ကုန်သွယ်ရာတွင် ရရှိသော အကောက်တော်ငွေအား လူသိရှင်ကြား ထုတ်ပြန်ကျေညာသော်လည်း မြန်မာ နအဖ စစ်အစိုးရမှ မောင်တော အကောက်ဂိတ်မှ ရရှိငွေ လူသိရှင်ကြား ထုတ်ပြန်ကျေညာလေ့ မရှိကြောင်း သိရသည်။

Most read this week