တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ

တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းမိ
by -
နွယ်လေး
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော်တန် မူးယစ်ဆေးဝါး များ လွန်ခဲ့သည့် သောကြာနေ့က ဖမ်းဆီးမိခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။ ...

 
ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ကျပ်သန်း ၅ ထောင်ကျော်တန် မူးယစ်ဆေးဝါး များ လွန်ခဲ့သည့် သောကြာနေ့က ဖမ်းဆီးမိခဲ့သည်ဟု ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။
 
WYတံဆိပ်ပါ စိတ်ကြွဆေးပြား(၃)သိန်း(၄)သောင်းနှင့် ဘိန်းဖြူဘလောက်တုံး (၂၁၇၇)တုံး သိမ်းဆီးရမိသည်ဟု တာချီလိတ်ရှိ ရဲအရာရှိတဦးက အတည်ပြုပြောဆိုသည်။
 
ဖမ်းဆီးရမိသည့် ယာဉ်နံပါတ်မှာ၂က/၈၁၅၂ နီဆန်း(၆)ဘီကားဖြစ်ပြီး ယာဉ်မောင်း စိုင်းထွန်းမြင့်ဦး(၂၈)နှစ်၊ ယာဉ်နောက်လိုက် စိုင်းဝင်းအောင်(၂၆)နှစ်၊ ယာဉ်နောက်လိုက် မူတူး(၁၈)နှစ်တို့အား ဖမ်းဆီးရမိထားပြီး တခလ(မူးယစ်)ရုံးတွင်  ပူးပေါင်းအဖွဲ့နှင့် ကွင်းဆက်ဖော်ထုတ် စစ်ဆေးနေသည်ဟု ပြောသည်။
 
သောကြာနေ့ နေ့လည် ၁နာရီခွဲတွင် မိုင်းဆတ်မြို့မှ ၀င်ရောက်လာသည့် (၆) ဘီး ကား ကုန်တင်ယာဉ်တွင် ကြက်သွန်ဖြူများနှင့်ရောနှောပြီး မူးယစ်ဆေးများ တင်ဆောင်လာ ခြင်းဖြစ်သည်ဟု ရဲစခန်းနှင့် နီးစပ်သူ တဦးက ပြောသည်။
 
“ဒေါ်ရွှေ ဓါတ်ဆီဆိုင်ကို ဟိုင်းလတ်ကား အဖြူရောင်နဲ့ ပစ္စည်းတွေလာပို့တာ။ တာချီလိတ်ကို ရောက် ရင် အမှတ်(၆၀) တော်ကော့် အပြင်ရွာက ဦးလုံနော် ဂိုဒေါင်ကို ပို့ပေးရမယ်။ အဲဒီကို ကိုစိုင်းနောင် ကိုယ်တိုင်လာယူမယ်။ သယ်ခတစ်ယောက်ကို ကျပ် ရှစ်သိန်းရတယ်။”
 
မူးယစ်ဆေးပိုင်ရှင် နမ့်ဆန်မြို့နေ စိုင်းနောင်( ၃၄) နှစ်အား ယနေ့ထိ ဖမ်းမိခြင်း မရှိသေးပဲ ဖမ်းဆီးထားမိသူ တရားခံ(၃)ဦးကို တခလ(မူးယစ်)ရုံးတွင် မူးယစ်နှင့် စိတ်ကို ပြောင်းလဲစေ သော ပုဒ်မ ၁၅/၁၉(က) လက်ဝယ်ထားရှိမှုနှင့် ၂၀(က)/၂၁ ရောင်းဝယ် ဖောက်ကားဖြန့်ဖြူး သည့် ပုဒ်မဖြင့် ပူးပေါင်းအဖွဲ့နှင့် ကွင်းဆက် ဖော်ထုတ် စစ်ဆေးနေဆဲဟု သိရသည်။

Most read this week