အိန္ဒိယ-မြန်မာ နယ်စပ် ခရီးသွားလာခွင့် မြန်မာ စစ်တပ်က ပိတ်ပင်

အိန္ဒိယ-မြန်မာ နယ်စပ် ခရီးသွားလာခွင့် မြန်မာ စစ်တပ်က ပိတ်ပင်
အိန္ဒိယ-မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ချင်းပြည်နယ် ပလက်ဝ မြို့နယ် မြိတ်ဝ ကျေးရွာနှင့် အန္ဒိယဘက် ကျေးရွာများ အကြား ခရီးသွားလာခြင်းကို မြန်မာ စစ်တပ်က ယာယီ ပိတ်ထား လိုက်သည်ဟု ဒေသခံ တဦးက ပြော ...

 
အိန္ဒိယ-မြန်မာ နယ်စပ် အနီးတွင် တည်ရှိသော ချင်းပြည်နယ် ပလက်ဝ မြို့နယ် မြိတ်ဝ ကျေးရွာနှင့် အန္ဒိယဘက် ကျေးရွာများ အကြား ခရီးသွားလာခြင်းကို မြန်မာ စစ်တပ်က ယာယီ ပိတ်ထား လိုက်သည်ဟု ဒေသခံ တဦးက ပြောသည်။
 
“အိန္ဒိယဘက်က ကျေးရွာ နှစ်ရွာမှာ လူကြီး တဦးနဲ့ ကလေး ၆ ဦး အမည်မသိတဲ့ ရောဂါကြောင့် ရုတ်တရက် သေဆုံးသွားတဲ့ အတွက် မြန်မာ စစ်တပ်က ခရီး သွားလာခွင့်ကို ပိတ်ထား လိုက်တာ ဖြစ်ပါတယ်။”
 
သေဆုံး သွားသူူများမှာ အိန္ဒိယနိုင်ငံဘက်ခြမ်းတွင် တည်ရှိသော မောင်ပုတောင် ကျေးရွာနှင့် စပိုတလန် ကျေးရွာတို့မှ ဖြစ်သည်။
 
သူက “သေဆုံးသွားသူတွေထဲမှာ မောင်ပုတောင် ရွာက ကလေး ၄ယောက်နဲ့ စပိုတလန်ရွာမှာ လူကြီး တဦးနဲ့ ကလေး ၂ ယောက်နဲ့ စုစုပေါင်း ရ ဦး ဖြစ်ပါတယ်။ မြန်မာ အာဏာပိုင်တွေ ဘက်ကတော့ ၀က်တုတ် ကွေးရောဂါ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။” ဟု ပြောသည်။
 
သေဆုံးသွားသူများမှာ လွန်ခဲ့သည့်အပတ်က ရုတ်တရက် သေဆုံးသွားခြင်း ဖြစ်ပြီး အမည်မသိသော ရောဂါ တခုကြောင့်သေဆုံးသွားခြင်း ဖြစ်ကြောင်း သူကပြောသည်။
 
“အဲဒီ သတင်းကို ကြားရတဲ့ အတွက် ရွာသားတွေက စိုးရိမ် နေကြတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့ဘက်က တပတ်မှာ ၂ ရက်လောက် မြိတ်ဝကို စျေးဝယ်လာကြတယ်။ နောက်ပြီး အချင်းချင်း လူမှုရေးအရ ဖြစ်စေ စီးပွားရေး အရ ဖြစ်စေ ဆက်ဆံမူတွေ ရှိနေကြတော့ ခုလို သေဆုံးသွားတဲ့ အပေါ်မှာ လူတွေက စိုးရိမ်နေကြတာ ဖြစ်ပါတယ်”ဟု ပြောသည်။
 
အိန္ဒိယဘက်မှ ကျေးရွာသားများ ရောဂါဆန်း တခုကြောင့် သေဆုံးသွားပြီးနောက် အဆိုပါလမ်းကို ပိတ်ဆို့ထားရန် မြန်မာ စစ်တပ်မှ ညွန်ကြားထားခြင်း ဖြစ်သည်။
 
ယခုကဲ့သို့ နယ်စပ် ဖြတ်ကျော်လမ်းကို ပိတ်ထားလိုက်သဖြင့် မြိတ်ဝ ကျေးရွာကို ဖြတ်ပြီး အိန္ဒိယ ဘက်သို့ ကုန်ပစ္စည်းများ တင်ပို့နေမူမှာ ယာယီ ရပ်ဆိုင်းသွားခြဲ့ပီ ဖြစ်သည်ဟု သိရသည်။

Most read this week