မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲအတွက် မောင်တော ခယကမှ လူထုထံမှ ငွေကောက်ခံ

မြန်မာ့ရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲအတွက် မောင်တော ခယကမှ လူထုထံမှ ငွေကောက်ခံ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇူလှိုင်လ ၂ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲ အတွက် မောင်တော ခယကမှ ပြည်သူများထံမှ ငွေကောက် ခံနေသည်ဟု အမည် မဖေါ်လိုသူ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြော ...

 
(နိရဥ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇူလှိုင်လ ၂ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲ အတွက် မောင်တော ခယကမှ ပြည်သူများထံမှ ငွေကောက် ခံနေသည်ဟု အမည် မဖေါ်လိုသူ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။
 
“ ဒီပွဲကို အကြောင်းပြပြီးတော့ မောင်တော (ခယက)မှ အတင်း ငွေကောက် ခံနေပါတယ်။ ထိပ်ပိုင်း စီပွားရေးသမား ၂ဝ ဦးဆီက ကောက်ယူနေတာ ဖြစ်ပါတယ်။ အဲဒီ ပွဲအတွက် အမှန် ကုန်ကျမယ့် ငွေက သိန်း ၂ဝ လောက်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု သူတို့ကောက်နေတဲ့ ငွေက ကျပ် သိန်း ၅ဝနဲ့ ၆ဝ ထိ ရအောင်ကောက်နေတာ ဖြစ်ပါတယ်။ ပြည်သူထံက မတရား ငွေညစ် နေတာ ဖြစ်ပါ။” ဟု ပြောသည်။
 
အဆိုပါ မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှုပြိုင်ပွဲကို ဘူးသီးတောင်နှင့် မောင်တောမြို့နယ်မှ တခုစီက အလှဆုံး အမျိုးသမီး ၁ဝ ဦးစီဖြင့် မနက်ဖြန်တွင် မောင်တောမြို့ သီရိမင်္ဂလာခန်းမတွင် စတင် ကျင်းပ ပြုလုပ်မည် ဖြစ်သည်။
 
“ ပြိုင်ပွဲကို အမျိုးသမီးငယ် ၂ဝ ဦးက ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။မောင်တော ခရိုင် ဥက္ကဌ ဦးအောင်ဆွေညွန့်က ပြိုင်ပွဲ ကို စီစဉ် ကျင်းပတာ ဖြစ်တဲ့ အတွက် စီးပွားရေး သမားတွေ အပြင် ရပ်ကွက်တွေနဲ့ ဟိုတည်တွေ ကလည်း ပိုက်ဆံ ကောက်တယ် လို့ သိရပါတယ်။”
 
မောင်တောမြို့ ပေါ်ရှိ ရပ်ကွက် ၆ ခုနှင့် အနီးအနား ကျေးရွာ ၄ခု တို့မှလည်း အဆိုပါ ပြိုင်ပွဲအတွက် ငွေကောက်ခံသည်ဟု အမည်မဖေါ်လိုသူ ရယက ဥက္ကဌ တဦးက ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။
 
“ရယက ဥက္ကဌ တဦးစီ ဆီက ကျပ်ငွေ ၃ဝဝဝဝ ပေးရမယ်ဆိုပြီး ညွန်ကြားတဲ့ အတွက် ကျွန်တော် ရပ်ကွက်က သွားပေးလိုက်ပြီ ဖြစ်ပါတယ်။”
 
၎င်းအပြင် တည်းခိုခန်းကြီး တခုစီမှ ကျပ် ၅ဝဝဝဝ နှင့် တည်းခိုခန်း အငယ် တခုစီမှ ကျပ် ၂၅ဝဝဝ စီကောက်ခံပြီး ဗွီဒီယိုရုံကြီး တရုံမှ ကျပ် ၅ဝဝဝဝ နှင့် ရုံငယ် တရုံမှ ကျပ် ၂၅ဝဝဝ ကောက်ခံ သည်ဟုလည်း သိရသည်။
 
အမည်မဖေါ်လိုသူ အရက် ဆိုင်ပိုင်ရှင် တဦးကလည်း “အရက်ဆိုင်ကြီး တဆိုင်က ၃ဝဝဝဝ ကျပ်နဲ့ အငယ် ဆိုင် တဆိုင်ကို ကျပ် ၁၅ဝဝဝ ကောက်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။
 
မောင်တောမြို့တွင် ရုပ်ရှင်ရုံ တရုံ၊ ဗွီဒီယို ရုံကြီး ၄ရုံနှင့် ရုံငယ်ပေါင်း ၂ဝ ခန့် ရှိပြီး တည်းခိုခန်း စုစုပေါင်း ၂ဝခန့် ရှိသည်။ အရက်ဆိုင် ကြီး-ငယ် စုစုပေါင်း ၃ဝ ခန့်ရှိသည်ဟု သိရသည်။
 
လူထု အနေဖြင့် စီးပွါးရေး အလွန်ကျပ်တည်း နေချိန်တွင် ယခုကဲ့သို့ မြန်မာရိုးရာ ယဉ်ကျေးမူ ဝတ်စား ဆင်ယင်မူ ပြိုင်ပွဲကို အကြောင်းပြပြီး မောင်တော ခယကမှ ငွေကောက် ခံနေသဖြင့် အထူး စိတ်မကောင်း ဖြစ်နေကြ သည်ဟု အမည်မဖေါ်လိုသူ အရပ်သား တဦးကလည်း ပြောသည်။
 
နအဖ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် မြန်မာ့ရိုးရာ ဝတ်စား ဆင်ယင်မှု ပြိုင်ပွဲကို ရခိုင်ပြည်နယ်အတွင်း ကျင်းပခြင်းမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမူကို မြှင့်တင်ရန်ထက် အဆိုပါ ပွဲကို အကြောင်းပြပြီး စီးပွားရေး သမားများထံမှ ငွေကောက်ရန်နှင့် အမျိုးသမီးငယ်များ အလှကို ဇိမ်ခံ ကြည့်ရှု့ရန် အတွက် ဖြစ်သည်ဟု သိရသည်။

Most read this week