ကျနော့်နာမည် ထီ့လမောက်(ထီ့လု်မုက်)ပါ။ နာမည်အရင်းက စောတင်စိုးဝင်း။ ဇာတိက ခလယ်တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပေါ့။ မောင်နှမလေးယောက်မှာ ကျနော်က သုံးယောက်မြောက်ပေါ့။ မိဘတွေ အသက်မွေးဝမ်းကျောင်း က ကျဘမ်းပေါ့။ အဖေကတော့ ကျနော် ငယ်ငယ်တုန်းက ဆုံးသွားပါတယ်။ အဖေဆုံးပြီးတော့ ကျနော် မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှာ ၈တန်းအထိ ကျောင်းတက်ပြီးတော့ ရွာမှာတစ်နှစ် ပြန်နေပါတယ်။ ပြီးတော့ ကျနော် ဘန်ကောက်သွားပါတယ်။
မေး ။ ။ ပထမဆုံး ငယ်ဘဝရဲ့ ဖြတ်သန်းမှု ပြောပြပေးပါအုံး။
ဖြေ ။ ။ ကျနော့်နာမည် ထီ့လမောက်(ထီ့လု်မုက်)ပါ။ နာမည်အရင်းက စောတင်စိုးဝင်း။ ဇာတိက ခလယ်တံခွန်တိုင်ရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ်ပေါ့။ မောင်နှမလေးယောက်မှာ ကျနော်က သုံးယောက်မြောက်ပေါ့။ မိဘတွေ အသက်မွေးဝမ်းကျောင်း က ကျဘမ်းပေါ့။ အဖေကတော့ ကျနော် ငယ်ငယ်တုန်းက ဆုံးသွားပါတယ်။ အဖေဆုံးပြီးတော့ ကျနော် မော်လမြိုင်မြို့ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်းမှာ ၈တန်းအထိ ကျောင်းတက်ပြီးတော့ ရွာမှာတစ်နှစ် ပြန်နေပါတယ်။ ပြီးတော့ ကျနော် ဘန်ကောက်သွားပါတယ်။
ကျနော်တို့ ကရင်ပြည်နယ်ရဲ့ အခြေအနေက ဘန်ကောက်မှာသွားပြီး အလုပ်ရှာနေကြရတာ အခုထိပါပဲ။ ကျနော်တို့ ကရင်လူ ငယ်ရဲ့ အနေအထားဟာ ခေတ်အခြေအနေမကောင်းဘူး။ အရင်တုန်းက အစိုးရတပ်နဲ့ ကျနော်တို့ ကရင်ပြည်နယ်က တပ်တွေ ကလည်း အပစ်ခတ်တွေ အမြဲတမ်းဖြစ်တယ်။ ရွာဝင်ရွာထွက်နဲ့ လူငယ်တွေကလည်း ရွာမှာ သိပ်မနေရဲကြဘူး။ အများအားဖြင့် မိန်းကလေးတွေလောက်ပဲ ရွာမှာနေရဲကြ တယ်။ အဲမှာ လူငယ်တွေက နည်းနည်းကြီးလာတာနဲ့ အကုန်လုံး ဘန်ကောက်တက် ကြတယ်။ ကျနော်လည်း အပါအဝင်ပေါ့။ ဘန်ကောက်မှာ (၇)နှစ်လောက်ကြာတော့ ပြန်လာပြီးတော့ ကရင်အနုပညာထဲကို ပြန် ၀င်တယ်။ ကရင်အနုပညာထဲကို ကျနော်ဝင်တာ (၂၀၀၁)လောက်မှာ မှတ်မှတ်ရရ ဖြစ်မယ်ထင်တယ်။
မေး ။ ။ အနုပညာအလုပ်ကို ဘယ်လိုတွန်းအားစိတ်ကြောင့် လုပ်ဖြစ်သွားတာလဲ။
ဖြေ ။ ။ တွန်းအားဆိုတာ ငယ်ငယ်လေးကတည်းက ၀ါသနာတော့ပါတယ်။ ဒီအနုပညာလေးကို တအားကြီး ပါပါတယ်။ ဒါပေ မယ့် ကျနော်တို့ ကရင်အနုပညာ တအားကြီးကို နိမ့်ကျတယ်။ မရှိဘူး။ ပြောရ မယ်ဆိုရင် ဒီသရုပ်ဆောင်တို့၊ ဘာတို့ဆိုတာ ကျနော်တို့ ငယ်ငယ်လေးက တော်တော်လေးကို ရှားပါးတယ်။ ပံ့ပိုးမယ့်သူလည်း မရှိပါဘူး။ ကိုယ့်ခြေထောက်ကိုယ်ရပ်၊ ကိုယ့် ငွေအင်အား ကိုယ့်ဟာကိုယ် စိုက်ထုတ်ပြီးတော့ လုပ်ရတဲ့ အနေအထား။ ကျနော် စလုပ်တဲ့အခါတုန်းကဆိုရင် ကရင်ကာရာအို ကေခွေဆို တာ တစ်ခွေနှစ်ခွေလောက်ပဲ ရှိပါသေးတယ်။ ကျနော်တို့ကနေ စပြီးတော့ လှုပ်ရှားလာတာပေါ့။ အဲမှာ ဖြည်းဖြည်းနဲ့ ဒီနေ့ရောက်တဲ့အချိန်မှာ တော်တော်လေးကို ကရင်အနုပညာ မြင့်တက်လာပြီ လို့ ပြောရမယ်။
မေး ။ ။ လက်ရှိ အနုပညာလှုပ်ရှားမှုအခြေအနေကိုလည်း ပြောပြပါအုံး။
ဖြေ ။ ။ အခု လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ ကရင်ဒီဗွီဒီ ဇာတ်ကားသစ်တစ်ကား ရိုက်နေပါတယ်။ ဇာတ်ကားသစ် နာမည်က ၀ဋ်ကြွေးပေါ့နော်။ အဲဒီမှာ ကျနော်ရယ်၊ မင်းသားအသစ်တစ်ယောက်နဲ့ မင်းသမီး အသစ်တစ်ယောက်ပေါ့။ ကရင်အ ထည်ဆိုင်၊ ကြော်ငြာပြက္ခဒိန်၊ ကာရာအိုကေ သီချင်းတွေ။ ပြီးတော့ ဗိုလ်ချစ်သူထုတ်တဲ့ ယအဲထောင်း ဖော့ခေါင်းစန့် (ကျနော် အချစ်ရဆုံး နယ်စပ်ပန်း) ကရင်ဒီဗွီဒီ ကာရာအိုကေခွေအသစ်မှာ သရုပ်ဆောင်ထားပေးတယ်။ အခုထွက်မယ့် ကရင်ကာရာအို ကေ သီချင်းတွေကလည်း အများကြီး လုပ်ထားနေပါတယ်။ အခုလာမယ့် စာပေသင်တန်းမှာလည်း ကျနော်ရဲ့ ကာရာအိုကေ ဒုတိယပိုင်းအနေနဲ့ ရိုက်ကူးဖို့ ရှိပါတယ်။ ဇာတ်ကားနာမည်- အဲ့ဒူ့နန်ယာ အောဒိုင်ဂါ (ငါ့လောက် ချစ်တဲ့သူ ရှိအုံးမလား)။ ပြီး တော့ (Live Show) သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရိုက်ကူးပေးနေပါတယ်။ တလောတုန်းကလည်း အိန္ဒုကျေးရွာမှာ ဘုန်းကြီးပျံပွဲပြီးတော့ ဖာပွန်မှာ စာပြန်ပွဲသီချင်း လိုက်ဆိုပေးပါတယ်။ အခု ကျနော်တို့ ကရင်ဗွီဒီယိုအဖွဲ့အစည်းတစ်ခုလုံး ညီညီ ညွတ်ညွတ်လေးဖြစ်အောင် တွေ့ဆုံဖို့ ရှိပါတယ်။ ဘယ်နှစ်လပိုင်းမှာလည်းတော့ မပြောတတ်သေးဘူးပေါ့နော်။ ကျနော်တို့ ကရင်အနုပညာ အဖွဲ့အစည်း စဖွဲ့ကတည်းက နှစ်ခေါက်ပဲ အစည်းအဝေးလုပ်ဖြစ်တယ်။ နောက်ပိုင်းမှာကျတော့ အစည်းအဝေး ကို ပုံမှန်မလုပ်ဖြစ်တဲ့အတွက် ကရင်လူငယ်အနုပညာမောင်နှမတွေအားလုံး တခြားနယ်ပယ်ထဲကတွေကော တွေ့ဆုံဖို့ရှိပါတယ်။
မေး။ ။ အနုပညာအလုပ်ကို ဇောက်ချလုပ်နေတဲ့ အစ်ကိုရဲ့ အိပ်မက်က ဘာလဲ။
ဖြေ။ ။ အဲဒီအချက်က အရေးကြီးတယ်။ ငယ်ငယ်လေးကတည်းက အနုပညာ ရူးသွပ်တယ်ဆိုတာကလည်း သာမန်လူငယ် တစ်ယောက်ရဲ့အိပ်မက်ပေါ့နော်။ ကျော်ကြားချင်တယ်ပေါ့နော်။ ဒါပေမယ့် လုပ်လာတဲ့သက်တမ်း ကြာလာတဲ့အခါကျတော့ ကိုယ့်အနုပညာအလုပ်ရော၊ ကိုယ့်ကရင်လူမျိုး ရဲ့အနေအထားတွေရော ရှုထောင့့်ပေါင်းစုံကနေ တွေ့လာရတဲ့အခါမှာ ဘာတွေ လုပ်သင့်လုပ်ထိုက်လဲ။ ဘာတွေ လုပ်ပေးရမလဲဆိုတာတွေ ဖြစ်လာတယ်လေ။ နောက်ကျနော်တို့ ကရင်လူမျိုးတွေရဲ့ဘဝ၊ ကရင် လူမျိုးတွေရဲ့ အိပ်မက်ပေါ့နော်။ ကျနော်တို့ဟာ နေရာပေါင်းစုံမှာ ရောက်နေတယ် ဆိုတော့ တချို့နေရာရောက်သွားတဲ့အခါ တော်တော်နိမ့်ကျတဲ့ ကျနော်တို့ကရင်လူမျိုးတွေကို အများကြီး တွေ့နေရသေး တယ်။ အဲဒီအခါကျတော့ ကိုယ်အနုပညာသမား တစ်ယောက်ဖြစ်လာပြီ။ နေရာလေး ရပ်တည်လို့ ဖြစ်လာပြီးဆိုတော့ တစ်ဖက်တစ်လမ်းကနေပြီးတော့ နိမ့်ကျတဲ့ ကရင်လူမျိုးတွေကို ဘယ်လိုမျိုးလုပ်ပေးရင်ကောင်းမလဲ။ ကိုယ်တတ်နိုင်သလောက် အနည်းနဲ့ အများပေါ့နော်။ မြှင့်တင်ပေးဖို့ စိတ်ဓာတ်တွေရှိပါတယ်။ တချို့နေရာတွေမှာ တတ်နိုင်သလောက် လုပ်ပေးခဲ့တာတွေ အများကြီးပဲ။ ငွေအင်အား မနိုင်သည့်တိုင်အောင် လူအင်အား၊ စိတ်ဓာတ်မြှင့်တင်တာတို့ဘာတို့ သွားပြီးတော့ဝိုင်းလုပ်တာ၊ အဲဒါတွေကျတော့ အဓိက လုပ်ဆောင်နေတယ်။
မေး ။ ။ ကိုယ်က လူငယ်တစ်ယောက်လည်းဖြစ်တယ်။ လက်ရှိလည်း အနုပညာလုပ်ငန်းမှာ လုပ်နေတဲ့သူတစ်ယောက် ဖြစ် တယ်ဆိုတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ ကရင်လူငယ်တွေကို ဘာများ ပြောချင်တာလဲ။
ဖြေ ။ ။ အထူးသဖြင့် ပြင်ပရောက်နေတဲ့ ကျနော်တို့ ကရင်လူငယ်တွေပေါ့နော်။ တချို့ပြည်တွင်းမှာနေတဲ့ ကရင်လူငယ်တွေ ကို အထင်မှား အမြင်မှား ရှိကောင်းရှိနိုင်မယ်။ တချို့ ပြည်ပရောက်တဲ့ ကရင်လူငယ်တွေက ပြည်တွင်းမှာနေတဲ့ လူငယ်ဖြစ်ဖြစ်၊ လူကြီးဖြစ်ဖြစ် အားမရတာတို့ ရှိတယ်။ ကျနော်တို့တွေ သူ့အခက်အခဲနဲ့သူ ပေါင်းစုံရှိတယ်ပေါ့နော်။ လူတွေပေါင်းစုံနဲ့လည်း ဆက်ဆံနေရတယ်။ ပြီးတော့ ငွေအင်အားသော်လည်းကောင်း၊ လူအင်အားသော်လည်းကောင်း တခါတလေကျတော့ လုပ်ချင် တိုင်း လုပ်လို့မရတဲ့ အနေအထားတွေလည်း အများကြီးရှိတယ်။
ကျနော်တို့ ကရင်လူမျိုးဖြစ်နေတဲ့ အနေအထားက ညီညွတ်မှုအားနည်းတယ်။ လူငယ်တွေ တစ်ယောက်တစ်နိုင်ငံ ရောက်နေပေ မယ့် တချို့က မပြန်လာနိုင်ဘူး။ ဒါပေမယ့် စကားနဲ့ မေတ္တာထားကြ။ အထဲကနေတဲ့လူငယ်တွေကို ဘယ်လိုအကြံဉာဏ်ပေးရင် ကောင်းမလဲ။ ဘယ်လိုကူညီပေးရင်ကောင်းမလဲ။ အဲဒီလိုစိတ်ဓာတ်လေးတစ်ယောက်နည်းနည်း ထားပေးဖို့။ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေကလည်း အဝေးမှာ ရှိတဲ့လူငယ်တွေကို နားလည်ပေးကြဖို့။ သူတို့ဟာ အားမရလို့ ကျနော်တို့ကို ပြောမှားဆိုမှား ရှိခဲ့ မယ်။ ဒါပေမယ့် သူတို့ ဒီစကား ဘာလို့ပြောရလဲဆိုတော့ သူတို့အမျိုးကို သူတို့ချစ်လို့။ ကိုယ့်လူမျိုးတစ်ယောက် အနိုင်ကျင့်ခံရ တယ်ဆိုရင် အဝေးမှာရောက်တော့ ပြန်လာကူညီချင်ပေမယ့် သူတို့ ပြန်လာလို့ မရဘူး။ ပြည်တွင်းမှာရှိတဲ့ လူငယ်တွေကလည်း ပြည်ပရောက်တဲ့လူငယ်တွေကို ဘာလို့စကားတွေ အဝေးကနေ လှမ်းပြောတာလဲ။ သတ္တိရှိရင် ပြန်လာလုပ်ပါလား။ အဲဒါလေး တွေ ရှိတာပေါ့နော်။ အဲဒီစကားတွေကို မပြောကြဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးကြဖို့ ပြောချင်တယ်။ ကျနော် အဓိက ပြောချင်တာကတော့ ကိုယ့်ကရင်လူမျိုးတွေ စည်းလုံးညီညွတ်ခြင်းကို ပြပေးစေချင်တယ်။
မေး ။ ။ လူငယ်တွေရဲ့ ဘဝတက်လမ်းအတွက် ဘာများ အားပေးစကားပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ကရင်လူငယ်တွေ သူများနိုင်ငံမှာ အလုပ်သွားဖို့ပဲ စိတ်ထဲမှာ ရှိနေတယ်။ ငါတို့ နိုင်ငံမှာနေရင် အနာဂတ် မရှိဘူး။ အဲလိုမျိုး စိတ်ဓာတ်ဝင်နေတာ။ ငါတို့ရွာမှာနေတာ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူများနိုင်ငံမှာ ပိုက်ဆံသွားရှာမယ်။ တကယ်တမ်း သွားရှာတဲ့အခါကျတော့ နည်းနည်းပညာတတ်၊ ဦးနှောက်ရှိတဲ့ လူငယ်တွေကျတော့ ထိုးဖောက်သွားတာတွေ ရှိသလို ပျက်စီးသွားတဲ့ လူငယ်တွေလည်း အများကြီး ရှိပါတယ်။ ကျနော်တို့လူငယ်တွေကို အဓိက ကတော့ နိုင်ငံခြား များများ မရောက်အောင် ကျနော်တို့ လူကြီးပိုင်းသော်လည်းကောင်း၊ လူငယ်ပိုင်းသော်လည်းကောင်း တွေ့ဆုံပြီး အဖြေရှာသင့်တယ်။ လူငယ်တွေကို ဘယ်လိုလမ်းခင်းပေးရင် ကောင်းမလဲဆိုတော့ ကျနော့်အနေအထားနဲ့ပြောရင် နည်းနည်းအလှမ်းဝေးတယ်။ လူကြီးတွေ လမ်းခင်းပေးမှသာ အဆင်ပြေနိုင်မယ်။ ဒါပေမယ့် တကယ်တမ်းက ကိုယ့်ဟာကိုယ် လုပ်ရမှာ။ ကျနော်တို့ လူငယ် အများဆုံး ဘန်ကောက်မရောက်အောင် ကျနော်တို့ ထိန်းချုပ်ပေးနိုင်ရင် ကောင်းမယ်။ အဲလို ထိန်းချုပ်နိုင်မယ့်နည်းလမ်းက ဒီမှာ စီးပွားရေးသော်လည်းကောင်း၊ အလုပ်သော်လည်းကောင်း၊ ပညာရေးသော်လည်းကောင်း လုပ်ပေးတဲ့ လူကြီးတွေ ရှိကိုရှိရမယ်။ မရှိဘူးဆိုရင် လူငယ်တွေကလည်း ဆက်သွားကြမှာ ဖြစ်ပါတယ်။