မြန်မာ့စစ်ရေယာဉ်များ မာန်အောင်ကျွန်းအနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မည်

မြန်မာ့စစ်ရေယာဉ်များ မာန်အောင်ကျွန်းအနောက်ဘက်တွင် စစ်ရေး လေ့ကျင့်မည်
by -
နိရဥ္စရာ

တပ်မတော်(ရေ)မှ စစ်ရေယာဉ်များသည် ရခိုင်ပြည်နယ် မာန်အောင်ကျွန်း အနောက်ဘက်တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု သတင်း ရရှိသည်။

စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားသည်။

WargameSeaShield2014-MissileTest

အဆိုပါစစ်ရေယာဉ်များသည် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများကို မာန်အောင်ကျွန်းအနောက်ဘက်ရှိ ရေပြင်တွင် မတ်လ ၂၇ရက်မှ ဧပြီ ၆ရက်အတွင်းပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့လေ့ကျင့်ဆောင်ရွက်နေစဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုိပါဧရိယာမှ ငါးမိုင်ပတ်လည်တွင် သင်္ဘောကြီး/ငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန်နှင့် လေယာဉ်နှင့် ရဟတ်ယာဉ်များအနေဖြင့်လည်း အမြင့်ပေ ၁၅ဝဝဝအောက် ဖြတ်ကျော်ပျံသန်းခြင်းမပြုကြရန် သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားသည်။

Most read this week