မောင်တောမှ ရွှေဇားတံတားကြီးအား ယူအန်က အသစ်ပြန်လည် တည်ဆောက်ပေးမည်

မောင်တောမှ ရွှေဇားတံတားကြီးအား ယူအန်က အသစ်ပြန်လည် တည်ဆောက်ပေးမည်
by -
မင်းဆက်ခိုင်
ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ အသုံပြု၍ မရထိအောင် ပျက်စီးနေသော ရွှေဇားတံတားကြီးကို ယူအန်က အသစ်ပြန်လည် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိ ...

 
(နိရဥ္စရာ) ရခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့ရှိ အသုံပြု၍ မရထိအောင် ပျက်စီးနေသော ရွှေဇားတံတားကြီးကို ယူအန်က အသစ်ပြန်လည် တည်ဆောက်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
 
အဆိုပါတံတားကို လာမည့် လဆန်းပိုင်မှ စတင်ပြီး တည်ဆောက် သွားမည်ဖြစ်ပြီး UN အကူအညီဖြင့် BAJ အဖွဲ့အစည်းမှ တာဝန်ယူဆောက်လုပ်မည် ဖြစ်သည်။
 
အမည်မဖေါ်လိုသူ နိုင်ငံခြားအဖွဲ့အစည်းများနှင့်နီးစပ်သူတဦးက “လာမည့်လဆန်းပိုင်းမှာ စတင်မယ်လို့ သိရပါတယ်။ UN က အဲဒီ တံတားအတွက် ကျပ်သိန်း ၂ဝဝဝ ကျော် ဘတ်ဂျက် ချပေးတယ်လို့ သိရပါတယ်။ BAJ အဖွဲ့အစည်းက တာဝန်ယူပြီး တည်ဆောက်ပါလိမ့်မယ်။” ဟု နိရဥ္စရာသို့ ပြောသည်။
 
တံတားကြီး စီမံကိန်းမှာ အချိန် တနှစ်ခွဲ ဖြစ်ပြီး အဆိုပါ အချိအတွင်း အဆိုပါ တံတားကို အပြီးအစီး တည်ဆောက်သွားမည် ဖြစ်သည်ဟု သူကဆက်ပြောသည်။
 
အဆိုပါတံတားကြီးမှာ လူသွား လူလာ အလွန်များသော တံတားဖြစ်ပြီး မောင်တောမြို့ အမှတ်(၁) ရပ်ကွက်နှင့် ရွှေဇားကျေးရွာ အကြား တပ်ချောင်းကို ဖြတ်ပြီး ဖေါက်လုပ် ထားသော တံတား ဖြစ်သည်။
 
ရွှေဇား တံထားကြီးကို ၁၉၉၅ခုနှစ်က UNDP အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး ၁ဝနှစ်အကြာ ၂ဝဝ၅ တွင် အသုံးပြု၍ မရအောင် ယိုယွင်း ပျက်စီးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်ဟု သိရသည်။
 
အဆိုပါအချိန်က တံတားကို ကြီးကြပ် အင်ဂျင်နီယာ အဖြစ် ဦးသိုက်စွမ်းက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ တံတားကို တည်ဆောက်သူများက ဖြစ်သလို တည်ဆောက်ခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ (၁ဝ) နှစ်အကြာတွင် ပြန်လည် တည်ဆောက်ရခြင်း ဖြစ်သည်။
 
ရခိုင်ပြည်နယ် အတွင်းရှိ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် လမ်းများနှင့် တံတားအများအပြားမှာ ပျက်စီးနေသော်လည်း နအဖ စစ်အစိုးရက ပြန်လည် တည်ဆောက်နို်င်ပေးနိုင်ခြင်း မရှိသဖြင့် ယူအန် အပါအဝင် နိုင်ငံတကာ အန်ဂျီအိုများက ပြန်လည် တည်ဆောက်ပေးနေရသည်ဟု သတင်း ရရှိသည်။

Most read this week