BNI ၁၃ ကြိမ်မြောက် အစည်းအဝေး ကျင်းပ

BNI ၁၃ ကြိမ်မြောက် အစည်းအဝေး ကျင်းပ
မြန်မာ့ သတင်းဌာန ၁၀ ခုဖြင့် ဖွဲစည်းထားသော BNI ခေါ် နို်င်ငံတကာ မြန်မာ သတင်း၏ ၁၃ ကြိမ်မြှောက် အစည်းအဝေးကို ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ယနေ့ စတင် ကျင်းပ ပြုလုပ်ကြောင်း သတင်း ရရှိ ...

 
မြန်မာ့ သတင်းဌာန ၁၀ ခုဖြင့် ဖွဲစည်းထားသော BNI ခေါ် နို်င်ငံတကာ မြန်မာ သတင်း၏ ၁၃ ကြိမ်မြှောက် အစည်းအဝေးကို ထိုင်းမြန်မာ နယ်စပ် တနေရာတွင် ယနေ့ စတင် ကျင်းပ ပြုလုပ်ကြောင်း သတင်း ရရှိသည်။
 
အဆိုပါ ကွန်ဖရင့်သို့ မြန်မာ့ သတင်းဌာနများ ဖြစ်သည့် မဇ္ဈိမ၊ ရှမ်းသံတော်ဆင့်၊ ခိုနုမ်းထုန်၊ ကုလားတန်၊ ကန္တာရဝတီ၊ သတင်းနဲ့မီဒီယာ ကွန်ယက်၊ ကာဝါ၊ လွတ်လပ်သော မွန်သတင်း အေဂျင်စီ၊ နိရဥ္စရာနှင့် ကချင် သတင်းဌာန တို့တက်ရောက်ကြသည်။
 
၎င်းပြင် လေ့လာသူ သတင်းဌာနအဖြစ် ကရင် သတင်းစဉ်နှင့် ရှမ်း လူငယ် အင်အားတို့မှ တက်ရောက် သည်။
 
ကချင် သတင်းဌာန မှ ကိုနော်ဒင်းမှ ကွန်ဖရင့် ကျင်းပတဲ့ အပေါ် သူ့အမြင် ကို ယခုကဲ့သို့ ပြောသည်။
 
“ခုလို ကွန်ဖရင့်မှာ ဘီအမ်အိုင် အဖွဲ့ဝင်တွေ အနေနဲ့ တွေ့ဆုံနိုင်တဲ့ အတွက် အဖွဲ့အစည်းတွေရဲ့ အားသာ ချက် အားနည်းချက်တွေကို ကြည့်ပီး ကိုယ့်အဖွဲ့ အစည်းကို တိုးတက်အောင် ဘယ်လို လုပ်နိုင် မလဲ ဆိုတာကို စဉ်းစား သုံးသပ်နို်င်တယ်။ ညီလာခံမှာ တခြား အဖွဲ့အစည်းတွေရဲ့ အတွေ့အကြံုတွေကို သိရ ကြားရတဲ့အတွက် ဗဟုသုတတွေ အများကြီး ရသလို ဒေသ အသီးသီးက အခြေအနေတွေကို သိရတဲ့အတွက်လည်း အကျိုး ရှိပါတယ်” ဟု ပြောသည်။
 
BNI အစည်းအဝေးကို တနှစ်တွင် နှစ်ကြိမ် ကျင်းပလေ့ရှိပြီး အစည်းအဝေးတွင် BNI နှင့် ပတ်သက်သော အခြေအနေများကိုသာမက တဖွဲ့ချင်းစီ၏ အခြေအနေများကိုလည်း လေ့လာ သုံးသပ် ဆွေးနွေးမူများ ပြုလုပ်ကြသည်ဟု သိရသည်။

Most read this week