ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တပ်ပိုင်းဆိုင်ရာ မူဝါဒ ဆွေးနွေး

ရန်ကုန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တပ်ပိုင်းဆိုင်ရာ မူဝါဒ ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)တို့၏ တတိယနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ မူဝါဒကို ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။  

“တပ်ပိုင်းဆိုင်ရာ မူဝါဒကို ဆွေးနွေးတယ်။ အခြေခံမူတွေပေါ့။ ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဒေသအတွင်းမှာရှိနေတဲ့ သူ့တပ်နဲ့သူ ပြန်ပြီး ဆွေးနွေးရမယ်။ အခြေခံမူကတော ့တိုက် ပွဲတွေ မဖြစ်အောင် ထိပ်တိုက်မှုတွေ မရှိအောင်ဘေးကင်းအောင် ၂ ဖက်တပ်တွေ ဘယ်လောက်အကွာ အဝေးမှာ နေသင့်လဲ စတာတွေဆွေးနွေးတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သော ပြည်ထောင်စုအင်စတီကျု(Union Institute)မှ ဒါရိုက်တာ ဦးခွန်ဆိုင်းက သျှမ်းသံတော်ဆင့်အား ပြောသည်။

NCCT-20-3-2015

တတိယနေ့ ဆွေးနွေးပွဲတွင်လည်း နှစ်ဦးနှစ်ဘက် ငြင်းခုန်ခြင်းမရှိခဲ့ကြောင်း၊ ဗဟိုအဆင့်၊ ပြည်နယ် အဆင့်၊ ဒေသအဆင့် ပူးပေါင်းစောင့်ကြည့်ရေး (Joint Monitoring) များ ထားရှိရန် ဆွေးနွေးရာ တွင်လည်း လွယ်ကူစွာ သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးခွန်းဆေက ပြောသည်။   

“ဒေသတွင်းအဆင့် Joint Monitoring ကို လွတ်လပ်မှုပေးထားရင်  ဒေသခံပြည်သူလူထုက အပစ်ရပ်ရေး လုပ်ငန်းမှာ  ပါ၀င်စောင့်ကြည့်လာရဲမှာပေါ့” ဟု ၄င်းက သုံးသပ်သည်။

အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနှင့် နိုင်ငံရေးဆွေးနွေးရေးအတွက် ကော်မတီတို့ကိုဆက်သွယ်ပြီး အလုပ်လုပ်သွားရန် ဗဟိုကော်မတီထားရှိရန်အတွက်သာ ဆွေးနွေးရတော့မည်ဖြစ်ကြောင်း ဦးခွန်ဆိုင်းက ဆက်လက်ပြောသည်။  

“အစိုးရကတော့  အပစ်ရပ်စောင့်ကြည့်ရေးကော်မတီနဲ့ နိုင်ငံရေးဆွေးနွေးမယ့်ကော်မတီ အဲဒီကော်မတီ ၂ခုရဲ့ အထက်မှာ ဘယ်သူ့ကိုမှ ထပ်မရှိစေချင်ဘူး။    မသင့်တော်ဘူး လို့ပြောတယ်။ အဲဒီအခါကျတော့ NCCT ကမေးတယ်။ အဲဒါဆိုရင် ဘယ်သူ့ကို ထားမှာလဲဆိုတော့ အပစ်ရပ်သဘောတူညီရေးစာချုပ်ပဲ ထားရှိမယ်။ လူမရှိဘဲ စာချုပ်နဲ့ပဲ သုံးသပ် ထိန်းသိမ်းသွားမယ် ဆိုတာကြီးကို နားမလည်သေးဘူး၊ ဘယ်လိုလုပ်မှာတုန်း လို့ဆိုတော့ အဲဒါတစ်ချက် ပြန်ဆွေးနွေးရမယ် ”ဟု ပြောသည်။

မတ်လ ၁၉ ရက်နေ့ဆွေးနွေးပွဲတွင်  အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့အကြား အမြဲငြင်းခုန်နေရလေ့ရှိသော တော်လှန်ရေး ဟူသည့်  စကားလုံးကို အစိုးရက လက်ခံလိုက်သဖြင့် တပ်ပိုင်းဆိုင်ရာ သဘောတူညီမှုတွင် အဓိက အရေးပါသောအခန်း တစ်ခုကို အောင်မြင်စွာဆွေးနွေးနိုင်ခဲ့ သည်ဟု ဆိုနိုင်ကြောင်း  ဆွေးနွေးပွဲတက်ရောက်သည့် ပုဂ္ဂိုလ်များက ဆိုသည်။

တစ်ပြည်လုံး အပစ်ရပ်နိုင်ရေးအတွက် ရည်ရွယ်ကာ တိုင်းရင်းသား ၁၆ဖွဲ့ ပါ၀င်သည့် NCCT နှင့် UPWC တို့၏ တွေ့ဆုံဆွေးနွေးပွဲသည် မတ်လ ၁၇ ရက်နေ့မှစပြီး ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် ၆ရက်တာ ဆွေးနွေးကျင်းပမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် NCCT အဖွဲ့ဝင်မဟုတ်သည့် မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် သျှမ်းပြည်တပ်တော် RCSS/SSA တို့မှလည်း လေ့လာသူအဖြစ် တက်ရောက်လျက်ရှိသည်။

စ်ပြည်လုံး အပစ်ရပ်နိုင်ရေးအတွက် ရည်ရွယ်ကာ တိုင်းရင်းသား ၁၆ဖွဲ့ ပါ၀င်သည့် NCCT နှင့် UPWC တို့၏ တွေ့ဆုံဆွေးနွေးပွဲသည် မတ်လ ၁၇ ရက်နေ့မှစပြီး ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင် ၆ရက်တာ ဆွေးနွေးကျင်းပမည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲတွင် NCCT အဖွဲ့ဝင်မဟုတ်သည့် မိုင်းလားတပ်ဖွဲ့ NDAA – ESS နှင့် သျှမ်းပြည်တပ်တော် RCSS/SSA တို့မှလည်း လေ့လာသူအဖြစ် တက်ရောက်လျက်ရှိသည်။

Most read this week