ရခိုင်ပြည်နယ်တွင် ကျောင်းသား ကျောင်းသူ ၃၃၂၉၁ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆို

ရခိုင်ပြည်နယ်တွင် ကျောင်းသား ကျောင်းသူ ၃၃၂၉၁ ဦး တက္ကသိုလ်ဝင်တန်း ဖြေဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း  စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ စုစုပေါင်း ၃၃၂၉၁ ယောက် ရှိကြောင်း သိရသည်။

ထို့အနက် အတွင်းဖြေ ကျောင်းသားအရေအတွက်မှာ ၁၇၀၂၇ယောက် ရှိပြီး အပြင်ဖြေကျောင်းသားအရေ အတွက်မှာ ၁၆၂၆၄ ယောက်ရှိသည်။

students-in-rakhine

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အများဆုံး ၀င်ရောက်ဖြေဆိုသော မြို့နယ်မှာ စစ်တွေမြို့နယ်ဖြစ်ပြီး စုစုပေါင်း ၃၈၁၁ ဦးဖြစ်သည်။ ယင်းအနက်တွင် အတွင်းဖြေ ၂၀၁၁ဦး၊ အပြင်ဖြေ ကျောင်းသား ၁၈၀၀ဖြစ်သည်။

ယခုစာရင်းထဲတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် စာရင်းကိုပါ ထည့်သွင်းထားပြီး ပလက်ဝမြို့နယ်မှ ဖြေဆို မည့် ကျောင်းသား ဦးရေမှာ ၁၆၃၈ ရှိပြီး အတွင်းဖြေ ရ၃၉ ရှိပြီး အပြင်ဖြေ ၈၉၉ ရှိကြောင်း သိရသည်။

Most read this week