တပ်မတော်နေ့ စစ်ရေးပြသွားသူ တပ်သား ၁၀၀ ခန့် တပ်ရင်များသို့ ပြန်မရောက်

တပ်မတော်နေ့ စစ်ရေးပြသွားသူ တပ်သား ၁၀၀ ခန့် တပ်ရင်များသို့ ပြန်မရောက်
by -
မင်းအောင်
နေပြည်တော်တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် တပ််မတော် နေ့ အခမ်းအနားသို့ စစ်ရေးပြ သွားပြီးနောက် ရခိုင်် အခြေစိုက် တပ်ရင်း များသို့ ပြန်မရောက်လာသူ စစ်သား ၁၀၀ ခန့်ရှိသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတခုမှ အမည် မဖေါ်လိုသူ တပ်ကြပ်ကြီး တဦးက ပြော ...

 
နေပြည်တော်တွင် ပြုလုပ်သည့် ၆၄ နှစ်မြောက် တပ််မတော် နေ့ အခမ်းအနားသို့ စစ်ရေးပြ သွားပြီးနောက် ရခိုင်် အခြေစိုက် တပ်ရင်း များသို့ ပြန်မရောက်လာသူ စစ်သား ၁၀၀ ခန့်ရှိသည်ဟု ဘူးသီးတောင် အခြေစိုက် တပ်ရင်းတခုမှ အမည် မဖေါ်လိုသူ တပ်ကြပ်ကြီး တဦးက ပြောသည်။
 
သူက “နှစ်လကျော် ကြာလာတဲ့ အထိ အဲဒီ ရဲဘော်တွေ မိခင်တပ်ရင်းတွေကို ပြန်မရောက် လာတဲ့အတွက် အခုအခါ သူတို့ကို တပ်ပြေး စာရင်း သွင်းလိုက်ပြီ ဖမ်းဆီးဖို့ လိုက်ရှာ နေပါတယ်။ ကျနော်တို့ဆီလည်း တပ်ပြေး စာရင်းတွေ နာမည်၊ လိပ်စာတွေနဲ့ အတူ ရောက်ရှိနေပါတယ် ” ဟု ပြောသည်။
 
မတ်လ ၂၇ ရက်နေ့က ကျရောက်သော (၆၄) နှစ်မြှောက် နအဖ တပ်မတော်နေ့ အခမ်းအနားတွင် ရခိုင် အခြေစိုက် တပ်ရင်း တခုမှ တပ်သား ၂၃ ဦးစီကို စစ်ရေးပြ အခမ်းအနား တွင် ပါ၀င်ရန်အတွက် ပေးပို့ခဲ့ရသည်ဟု သိရသည်။
 
ထိုသို့ပေးပို့ခဲ့ပြီးနောက် တပ်မတော် အခမ်းအနားအပြီးတွင် ၎င်းတို့မိဘများရှိရာ နေရပ်သို့ လည်ပတ််ရန် ရက်ပေါင်း (၃၀) အထက်က ခွင့်ပြုပေးခဲ့သည်။ အဆိုပါ စစ်သားများထဲမှ ၁၀၀ ခန့်မှာ ၎င်းတို့၏ တပ်ရင်းများသို့ ပြန်မရောက်ဘဲ ယခု အချိန်ထိ ပျက်ကွက်နေသည်ဟု သိရသည်။
 
အဆိုပါ တပ်ကြပ်ကြီးက “ကျနော်တို့ တပ်ရင်းက ပြန်မလာ တဲ့သူ ၃ ဦးရှိပါတယ်။ ဒီအထဲက တပ်သား တယောက်ကို တပ်ထိမ်း အမှတ် ၉ တပ်ဖွဲ့က ဖမ်းထားတဲ့ အတွက် အရာရှိ တဦး စစ်တွေကို ယူဖို့သွားနေပါ တယ်။ ” ဟု ပြောသည်။
 
၎င်းပြင် သူက “ကျွန်တော်သိသလောက်က ပလက်ဝ တပ်ရင််း ၂၈၉ က ၁၀ ယောက်၊ ပုဏ္ဍားကျွန်း တပ်ရင်း ၅၅၀ က ၅ ယောက်၊ ရသေ့တောင် တပ်ရင်းတွေက ၁၀ ယောက််နဲ့ ဘူးသီးတောင်က ၃ ယောက်၊ တခြားတပ်တွေ ကလည်း ပြန်မရောက်တာ အများကြီးပါ။ ”ဟု ပြောသည်။
 
မိမိတပ်ရင်းသို့ ပြန်မလာဘဲ ပျက်ကွက်နေသည့် အထဲတွင် တချို့မှာ အိမ်ထောင်ရှိသူများ ဖြစ်ပြီး သူတို့မိသားစုများမှာ တပ်ရင်းများတွင် ရှိနေကြသည်ဟု သိရသည်။
 
ရခိုင်ပြည်နယ်တွင် တပ်ရင်းပေါင်း (၅၀) ကျော် တပ်စွဲထားပြီး အများစု တပ်သားများမှာ ရရှိသော လစာဖြင့် မလုံလောက် သည့်အပြင် အထက်အရာရှိများ၏ အနိုင်ကျင့်မူများကို ခံနေကြရသဖြင့် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိဖြစ်နေကြသည်ဟု သိရသည်။
 
သို့သော်လည်း ယခုအခါ နအဖ စစ်တပ်တွင် တပ်ပြေးများကို ထောင် (၇)နှစ်ထိ ပြစ်ဒဏ်ချမှတ်နို်င်သည့် ဥပဒေ ထုတ်ထားသဖြင့် အများစု စစ်သားများမှာ တပ်ထဲမှ ထွက်မပြေးရဲဘဲ ဖြစ်နေကြ သည်ဟု သတင်းရရှိသည်။

Most read this week