ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်

ဘူးသီးတောင်စခန်းမှူးကို တပ်သားတစ်ဦးက ပစ်သတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် မြို့မရဲစခန်းမှူးကို ရဲတပ်သားတစ်ဦးမှ မိမိရိုင်ဖယ် သေနတ်ဖြင့် မတ်လ ၃ရက်နေ့ နံနက် ၈ နာရီခန့်က ပစ်သတ်လိုက်သည်ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။

“ဟုတ်ပါတယ်။ ဒီနေ့မနက်က ဖြစ်တာပါ။ တခြား တပ်က အရာရှိတွေနဲ့ ၀ိုင်းဖွဲ့ လဘက်ရည် သောက်နေတာကို နောက်ကနေ အနီးကပ် ပစ်သတ်သွားတာပါ။ တစ်ချက်တည်းပါ” ဟု ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။

Buthedaung-watch-tower

သေဆုံးသူမှာ ဘူးသီးတောင်မြို့မ စခန်းမှူး ဒုရဲမှူး တင်လှဖြစ်ပြီး သေနတ်နှင့် ပစ်သတ်သူမှာ ရဲတပ်သား ကျော်ထွန်းနိုင် ဖြစ်ကြောင်း သူက ဆိုသည်။

“စခန်းမှူးက သူ့အပေါ် ဆရာ တပည့်အနေနဲ့ ဆိုဆုံးမတာတွေ ရှိတဲ့အပေါ် မကျေနပ်တဲ့အတွက် တပ်သား ကျော်ထွန်းနိုင်က ပစ်တာပါ။ လက်ဝဲဘက်ချိုင်းအောက်ကနေ လက်ယာဘက်ချိုင်းအောက်ကို ကျည်ဆံ ဖောက်ထွက်ကာ အဲဒီ အပစ်ခံရတဲ့ နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု ရဲမှူးက ပြောဆိုသည်။

လူသတ်မှု ကျူးလွန်သော ရဲတပ်သား ကျော်ထွန်းနိုင်အား ဒုမြို့နယ် ရဲမှူးက ၀င်လုံးဖမ်းဆီးရာမှ လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

Most read this week