သုံးရက်ကြာ စစ်ဆေးခံရပြီးနောက် ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးပြန်လွတ်

သုံးရက်ကြာ စစ်ဆေးခံရပြီးနောက် ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးပြန်လွတ်
by -
မဇ္စျိမ

မုံရွာမြို့ အခြေစိုက် အလွတ်တန်း ဓါတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်  ‘ကွန်ဒုံ ရက် ၄၀ ‘ ဟူသည့်  နည်းပညာဖြင့် ပြုပြင်ထားသော ဓါတ်ပုံကို  ပြန်လည် မျှဝေ ဖော်ပြမိသည့်အတွက် ဖမ်းဆီးစစ်ဆေးခံရပြီး သုံးရက်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီဟု ကာယကံရှင်က အတည်ပြု ပြောကြားသည်။

၎င်းကို ဖေဖော်ဝါရီ ၂၇ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ မတ်လ ၂ရက်၊ မွန်းလွဲ တစ်နာရီတွင် မုံရွာအကျဉ်းထောင်က ပြန်လည် လွှတ်မြောက်လာသည်ဟု ကိုအောင်နေမျိုးကဆိုသည်။

aung-nay-myo

ကိုအောင်နေမျိုးက "ဖေ့စ်ဘွတ်က ကိစ္စကြောင့် ခေါ်စစ်တဲ့သဘောပါ"ဟု ပြောသည်။

ကိုအောင်နေမျိုးသည် လူမှုမီဒီယာကွန်ရက်ဖြစ်သော ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် စီစဉ်သူ ဦးသိန်းစိန်၊ ဝတ္တု သန်းရွှေ၊ ဇာတ်ညွှန်း ကြိုင်ကြိုင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးက စီစဉ်သည့် မိုးလုံးပြည့် ဝါဒမှိုင်းတိုက်သည့် ဇာတ်ကြမ်း “ကွန်ဒုံ ရက် ၄၀ ”ဟူသည့် ဓါတ်ပုံကို ဖေဖော်ဝါရီ ၂၃ရက်က တင်ခဲ့ပြီး ၂၅ရက်တွင် ပြန်လည် ဖြုတ် ချခဲ့သည်။

သို့သော်လည်း ယင်းသို့ ဖော်ပြခဲ့သည့်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို မေတ္တာပျက်စေရန် စည်းကမ်းဖီဆန်ရန်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ၏ တာဝန်ဝတ္တရားဆောင်ရွက်မှုများကို ထိခိုက်စေရန် အနှောက်အယှက်ဖြစ်စေရန် ပျက်စီးစေရန် မမှန်ဟု သိလျှက်နှင့် အမှန်သတင်းလွှင့်ရန်ကြံရွယ် ၍ ဖေ့စ်ဘွတ်တွင် ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည့်အတွက် ၁၉၅၀ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ-၅ (က)နှင့်(င)တို့ဖြင့် အမှုဖွင့်ပေးရန် သတင်းတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက တရားလိုပြုတိုင်ကြားခဲ့သည့်အတွက် ဖေဖော်ဝါရီ ၂၇ရက်က ဖမ်းဆီးစစ်ဆေးခံရခြင်းဖြစ်သည်။

ကိုအောင်နေမျိုးက "နောက်နောင် ဒီလို မလုပ်ဖို့ ခံဝင်ချက်မျိုးပေးခဲ့ရတာမရှိပါဘူး"ဟု မဇ္ဈိမကို ပြောသည်။  

ယင်းကဲ့သို့ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေသားကူးယူခြင်းနှင့် ပတ်သက်ပြီး လွှတ်လပ်စွာ ရေးသားခွင့်ကို ထိခိုက်မှုများရှိလာသည်ဟု ဝေဖန်မှုများပေါ်ပေါက်ခဲ့သည်။

ထိုအသုံးအနှုန်းကို ဗိုလ်ချုပ်အောင်ဆန်းရာပြည့်နေ့အတွက် ကျင်းပသော နှင်းဆီအငြိမ့်တွင်လည်း ထိုအတိုင်း ပျက်လုံးထုတ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရရှိပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်သတင်းစာ ထုတ်ဝေခွင့်များ ရရှိပြီး သတင်းထောက်အချို့ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေများဖြင့် အကျဉ်းကျလျှက်ရှိသည်။

Most read this week