ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်းသည် ငြိမ်းချမ်းရေး၏ အကျူ ိးဟု ပြည်ထောင်စု ၀န်ကြီးပြော

ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခြင်းသည် ငြိမ်းချမ်းရေး၏ အကျူ ိးဟု ပြည်ထောင်စု ၀န်ကြီးပြော
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်တွင် ယခင်ကထက် လျှပ်စစ်ဓာတ်အားပေးစနစ်များ ပိုမိုသုံးစွဲလာနိုင်ခြင်းသည် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရရှိခြင်း၏ အကျိူးကျေးဇူးများပင်ဖြစ်သည်ဟု ဟားခါးမြို့တွင် ကျင်းပသော ၆၇နှစ်မြောက် ချင်းအမျိူးသားနေ့ အခမ်းအနားသို့ သမ္မတဦးသိန်းစိန်နှင့်အတူ တက်ရောက်လာသော လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖေဖော်ဝါရီလ ၂၁ရက်နေ့၌ ချင်းပြည်နယ်အစိုးရအဖွဲ ့နှင့် တွေ့ဆုံစဉ်တွင် ပြောကြားခဲ့သည်။

ယခင်က လျှပ်စစ်မီး နာရီပိုင်းခန့်သာရရှိသော ပြည်နယ်၏မြို့တော် ဟားခါးသည်လည်း နိုင်ငံတော်အစိုးရမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၈သန်းနှင့် မြန်မာကျပ်ငွေ ၅ဒသမ ၅၂ဘီလီယံကိုသုံးစွဲကာ ၆၆ကေဗွီဓာတ်အား လိုင်းနှင့် ဓာတ်အားလိုင်းခွဲရုံများ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ယခုအခါ ၂၄နာရီလျှပ်စစ်မီးရရှိနေပြီဟု ၀န်ကြီးကပြောဆိုခဲ့သည်။ ထန်တလန်မြို့နယ်သည်လည်း ယခင် ဟားခါးမြို့ ခွဲတမ်းဖြစ်သော လိုင်ဗားရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီး ၂၄နာရီ ဖြန့်ဖြူးပေးနေသည်ဟု ၎င်းက ဆက်ပြောသည်။

DSC08740

ထို့အပြင် ဖလမ်းမြို့နှင့် မင်းတပ်မြို့ ဓာတ်အားလိုင်းရရှိနိုင်ရေးအတွက် ၆၆ကေဗွီဓာတ်အားလိုင်းများ အသီးသီး တည်ဆောက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလတွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟု သိရသည်။ ယင်းစီမံကိန်း ပြီးဆုံးပါက ဖလမ်းနှင့် ဟားခါးအကြားရှိ ကျေးရွာပေါင်း ၁၀ရွာ၊ ဖလမ်းနှင့်သိုင်းငင် အကြားရှိ ကျေးရွာပေါင်း ၁၁ရွာ စုစုပေါင်း ၂၁ရွာနှင့် မင်းတပ်မြို့အပါအဝင် ပတ်ဝန်းကျင်ကျေးရွာ ၅ရွာတို့သည်လည်း လျှပ်စစ်ဓာတ်အားရရှိကြမည်ဖြစ် သည်။

အလားတူ မတူပီ၊ ကန်ပက်လက်မြို့ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ရိဒ်ခေါဒါရ်မြို့များ ဓာတ်အားလိုင်းရရှိရေး အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း စတင်အကောင်ထည်ဖော်သွားမည်ဟု လျှပ်စစ်ဝန်ကြီးကပြောသည်။

ဓာတ်အားစနစ်နှင့်အလှမ်းဝေးကွာသော ကျီခါး၊ ရေဇွာ၊ ဆမီးမြို့များကိုလည်း ဓာတ်အားစနစ်မရောက်ရှိနိုင်သေးမီ ဒီဇယ် ဓာတ်အားပေးစနစ်များဖြင့် လျှပ်စစ်မီးပေးထားမည်ဖြစ်ကြောင်း၊ အသေးစားရေအားလျှပ်စစ်စနစ်နှင့် ဆိုလာစနစ်များ ဖြင့်လည်း လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေး သွားမည်ဖြစ်သည်ဟု ၀န်ကြီးက ဆက်ပြောသည်။

၂၆ နှစ်ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရသည် ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်မှ စပြီး ပဏာမ ငြိမ်းချမ်းရေးရယူထားကြသည်။