မြန်မာ့သစ်လုပ်ငန်းမှ ကျွန်း၊ သစ်မာသစ်လုံး တန်ချိန် ၄,၆၀၀ ကျော် ထပ်မံရောင်းချပေးမည်

မြန်မာ့သစ်လုပ်ငန်းမှ ကျွန်း၊ သစ်မာသစ်လုံး တန်ချိန် ၄,၆၀၀ ကျော် ထပ်မံရောင်းချပေးမည်
by -
မဇ္စျိမ

မြန်မာ့သစ် လုပ်ငန်းပြည်တွင်း အရောင်းဌာနမှ ကျွန်းသစ်လုံးနှင့် သစ်မာသစ်လုံး တန်ချိန် ၄,၆ဝဝကျော် ထပ်မံရောင်းချပေးမည်ဟု သတင်းထုတ်ပြန်သည်။

ပြည်တွင်း အရောင်း ဌာနမှ  သစ်မာသစ်လုံးများ တောက်လျှောက်ရောင်းချပေးလျက်ရှိရာ ယခု ဘဏ္ဍာနှစ်အတွင်း ၁၉ ကြိမ်မြောက် ရောင်းချပေးခြင်းဖြစ်သည်။

Wood-Commmd

ပြည်တွင်း အရောင်းဌာန မန်နေဂျာ တစ်ဦးက  ''ပြည်တွင်း  သစ်စက်လုပ်ငန်းရှင်တွေအ တွက် တောက်လျောက်ရောင်း ချပေးနေတာပါ။ အခုတစ်ကြိမ်ဆိုရင် ၁၉ကြိမ်အထိ ရှိနေပါပြီ။ တစ်လ နှစ်ကြိမ်လောက် ရောင်းချမှာဖြစ်တဲ့အတွက် နောက်လတွေမှာလည်း တန်အနည်းအများအလိုက် ရောင်းချပေးသွားမှာပါ''ဟု ဆိုသည်။

ယခုတစ်ကြိမ်ရောင်းချမှုတွင် ကျွန်းသစ်လုံး ၆၇၄တန်နှင့် သစ်မာသစ်လုံး ၃,၉၁၁တန်၊ ကျွန်းခွဲသား ၁၆တန်နှင့် သစ်မာခွဲသား တန် ၂ဝခန့် ပါဝင်မည်ဖြစ်ပြီး မတ်လ ၁၁ရက်တွင် ရန်ကုန်ရုံးချုပ်၌ စျေးပြိုင်စနစ်ဖြင့် ရောင်းချသွား မည် ဖြစ်သည်။

ပြည်တွင်း သစ်အချောထည်လုပ်ငန်း တိုးတက်ရေးအတွက် မြန်မာ့သစ်လုပ်ငန်းမှသစ်လုံးနှင့် သစ်ခွဲသားများကို တိုင်းနှင့်ပြည် နယ်အလိုက် ရောင်းချပေးနေသည်။

ယခု ၂ဝ၁၄-၁၅ဘဏ္ဍာနှစ်တွင် မြန်မာ့သစ်လုပ်ငန်းက ပြည်တွင်းသုံးစွဲမှုအတွက် ကျွန်းသစ်လုံး၊ သစ်မာသစ်လုံးနှင့် သစ်ခွဲသား တန်ချိန် နှစ်သိန်းကျော်အထိ ရောင်းချရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

ယခုဘဏ္ဍာနှစ် ဇန်နဝါရီလကုန်အထိ ရောင်းချမှု၌ ကျွန်းသစ်လုံး တန်ချိန် ၅,ဝ၆၆တန် (ကျပ်ငွေ ၂ ဒသမ ရဝ၁ ဘီလီယံ)၊ ကျွန်းခွဲသား ၁,ဝ၄၈တန် (ကျပ်ငွေ ၁ ဒသမ ၁၈၁ ဘီလီယံ)၊ သစ်မာသစ်လုံးတန်ချိန် ၁၃၃,၇ဝ၈တန် (ကျပ်ငွေ ၄၂ ဒသ မ ၁၇၁ ဘီလီယံ)၊ သစ်မာခွဲသား တန်ချိန် ရ၇၆တန်(ကျပ်ငွေ ၁ ဒသမ ၃၆ဝ ဘီလီယံ) ရရှိခဲ့ပြီးဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းက ပြောသည်။