ကျောက်တော်ဓာတ်အားခွဲရုံမှတဆင့် ပလက်ဝမြို့သို့ လျှပ်စစ်မီးပို့လွှတ်ပေးမည်

ကျောက်တော်ဓာတ်အားခွဲရုံမှတဆင့် ပလက်ဝမြို့သို့ လျှပ်စစ်မီးပို့လွှတ်ပေးမည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ကျောက်တော်ဓာတ်အားခွဲရုံမှတဆင့် ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ လျှပ်စစ်ဓာတ်အား ၂၄ နာရီပို့လွှတ်ပေးမည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့သို့ရောက်ခဲ့သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မှ ပြည် ထောင်စုဝန်ကြီးဦးခင်မောင်စိုး အပါအဝင် နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်အဖွဲ့သည် ချင်းပြည်နယ်အစိုးရအဖွဲ့အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ် ကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ ညနေပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ကြေညာခဲ့သည်။

10443347 410065479160085 86

ယင်းသို့ပို့လွှတ်ပေးနိုင်ရန် ကျောက်တော်ဓာတ်အားခွဲရုံမှ ပလက်ဝမြို့သို့ ဆွဲသားတည်ဆောက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများတည်ဆောက်ပြီးစီးပါက ပလက်ဝမြို့နှင့် အနီးဝန်းကျင် ကျေးရွာ ၈ရွာကို လျှပ်စစ်မီး ပို့လွှတ်နိုင်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ချက်ကို ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာနှစ်တွင်အပြီး တည်ဆောက်သွားမည် ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ဆက်သွယ်သွားလာမှုခက်ခဲ သည့် တောင်ပေါ်ဒေသ တစ်ခုဖြစ်သည်။

ကျောက်တော်ဓာတ်အားခွဲရုံမှ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ လျှပ်စစ်ဓာတ်အားပို့လွှတ်မည်ဖြစ်သည့်အပြင် အဆိုပါ ဓာတ်အားခွဲရုံမှ ၅ မိုင်အကွာရှိ ကျောက်တော်မြို့နယ်တွင်း ကျေးရွာတချို့ကိုလည်း ယခုနှစ်အတွင်း မဟာ ဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄နာရီပေးနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်းလည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။

Most read this week