လယ်သမားများအတွက် ချေးငွေ နတလ စံပြကျေးရွာသားများကို ထုတ်ချေး

လယ်သမားများအတွက် ချေးငွေ နတလ စံပြကျေးရွာသားများကို ထုတ်ချေး
မောင်တောခရိုင်အတွက် လယ်သမားများကို ထုတ်ချေးမည့် ကျပ်ငွေ သိန်း ၆ဝဝ အား ဒေသခံ လယ်သမားများကို မချေးဘဲ ဗမာ ပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြ ကျေးရွာသားများကိုသာ ထုတ်ချေးနေသည်ဟု အမည်မဖေါ်လိုသူ စာရေးကြီး တဦးက ပြော ...

 
မောင်တောခရိုင်အတွက် လယ်သမားများကို ထုတ်ချေးမည့် ကျပ်ငွေ သိန်း ၆ဝဝ အား ဒေသခံ လယ်သမားများကို မချေးဘဲ ဗမာ ပြည်မှ ပြောင်းရွှေ့လာသူ နတလ စံပြ ကျေးရွာသားများကိုသာ ထုတ်ချေးနေသည်ဟု အမည်မဖေါ်လိုသူ စာရေးကြီး တဦးက ပြောသည်။
 
“သူတို့က နတလ စံပြကျေးရွာသားတွေနဲ့ သူတို့ ပိုင်ဆိုင်တဲ့ လယ်မြေစာရင်းကို အရင်ကောက်ခိုင်းပါတယ်။ ချက်ချင်းဆိုသလိုဘဲ ချေးငွေတွေကို ထုတ်ချေးနေတာကို တွေ့ရပါတယ်။”
 
မောင်တောခရိုင်အတွက် ယခုနှစ် စိုက်ပျိုးစရိတ် ချေးငွေ သိန်း ၆ဝဝ သတ်မှတ်ထားပြီး အဆိုပါ ငွေများကို မြန်မာ့ စိုက်ပျိုးရေး ဘဏ်မှ တဆင့် ထုတ်ချေးနေခြင်း ဖြစ်သည်။
 
မြန်မာ့ ဗဟိုဘဏ်မှ ရခိုင်ပြည်နယ်အတွက် ယခုနှစ် စိုက်ပျိုးရာသီအတွင်း စိုက်ပျိုးရေး ချေးငွေ သိန်းပေါင်း ၂ဝဝဝ ထုတ်ချေးရန် သတ်မှတ်ထားပြီး မောင်တောခရိုင်ကို သိန်း ၆ဝဝ ခွဲတန်းချပေးသည်ဟု သိရသည်။
 
ရခိုင်ပြည်နယ်ကို စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် မောင်တောခရိုင် စသည့် ခရိုင် (၄) ခုဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ခရိုင် ၄ ခုအတွင်း မြို့နယ် (၁၇) မြို့တည်ရှိသည်။
 
အဆိုပါ စာရေးကြီးက “သူတို့က မူဆလင် လယ်သမားတွေကို ထုတ်ချေးလိုတဲ့ သဘောထား မတွေ့ရဘူး၊ ဘာဖြစ်လို့လည်း ဆိုတော့ ဘူးသီးတောင်နဲ့ မောင်တောမှာ ရှိတဲ့ မူဆလင်တွေကို နိုင်ငံခြားသား ဘင်္ဂလီ လူမျိုးများ အဖြစ် အစိုးရက သတ်မှတ်ထားတဲ့ အတွက် ဖြစ်ပါတယ်။” ဟု ပြောသည်။
 
မောင်တောခရိုင် အာဏာပိုင်များက မူဆလင် လယ်သမားများကိုသာမက ရခိုင်၊ ဒိုင်းနက်နှင့် ခမီးစသော လယ်သမားများကိုလည်း စိုက်ပျိုး စရိတ် ချေးငွေ တစုံတရာ ထုတ်ချေးပေးမည့် အနေအထား မရှိကြောင်း အဆိုပါ စာရေးကြီးမှ ပြောသည်။

Most read this week