ကျောင််းသားများက ဒဂုံပါချုပ်ကို တာဝန်ယူရန်နှင့် တောင်းပန်ရန် တောင်းဆို

ကျောင််းသားများက ဒဂုံပါချုပ်ကို တာဝန်ယူရန်နှင့် တောင်းပန်ရန် တောင်းဆို
by -
မဇ္စျိမ

ဒဂုံတက္ကသိုလ်၌ ဖေဖော်ဝါရီလ ၁၆ရက်က ပြုလုပ်ခဲ့သည့်ပွဲသို့ ခေါင်းစဉ် အတိအကျမသိဘဲ ကျောင်းသားများ တက်ရောက်ခဲ့ကြရသည့်အတွက် တာဝန်ယူပေးရန်နှင့် တောင်းပန်ရန် ဒဂုံတက္ကသိုလ် ကျောင်းသား သမဂ္ဂမှ အင်အား ၄ဝခန့်က ဖေဖော်ဝါရီလ ၂ဝရက် နံနက် ၁ဝနာရီက ပါမောက္ခချုပ် ရုံးခန်းရှေ့တွင် တောင်းဆိုခဲ့ကြသည်။

သမဂ္ဂအတွင်းရေးမှူ းကိုဇင်မင်းဖြိုးက ''အဓိကက ကျောင်းမှာလုပ်ခဲ့တဲ့ ကိစ္စဟာ ကျောင်းသားတွေ မသိဘူး။ အခန်းထဲရောက်မှ သိတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ခံခိုင်းတာပါ'' ဟု ပြောသည်။

အဆိုပါဟောပြောပွဲသည် ''ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေး သဘောထားဆန္ဒထုတ်ဖော်ခြင်း'' ခေါင်းစဉ်ဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့်ပွဲဖြစ်ပြီး ကျောင်းသားများ က ခေါင်းစဉ် အတိအကျ မသိရခြင်းကြောင့် ပါမောက္ခချုပ်ကို တာဝန်ယူပေးရန်နှင့် တောင်းပန်ရန် တောင်း ဆိုခဲ့ကြခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပါမောက္ခချုပ်က တောင်းပန်ခြင်းမရှိသော်လည်း ၁၆ရက်က ပြုလုပ်ခဲ့သည့်ပွဲကို တက်ရောက်ရန် ပါမောက္ခများမှတစ်ဆင့် ကျောင်းသားများသို့ အသိပေးခဲ့ခြင်းဖြစ်ပြီးက ပွဲအကြောင်းအရာကို မသိရှိခြင်းသည် ပါမောက္ခများနှင့်သာ သက်ဆိုင်ကြောင်း ပါမောက္ခချုပ်က မီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်ဟု ကိုဇင်မင်းဖြိုးက ဆိုသည်။

ထိုသို့ တောင်းဆိုရာတွင် လေးပွင့်ဆိုင်ဆွေးနွေးပွဲကို ကန့်ကွက်သူ အလိုမရှိ၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ အလို မရှိသူ ဒို့ရန်သူ၊ အစိုးရလက်ကိုင်တုတ် အလိုမရှိ၊ မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ အစရှိသည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၁၆ရက် နေ့လယ် ၁နာရီခန့်က ဒဂုံတက္ကသိုလ် ကောင်းညွန့်ခန်းမတွင် ငြိမ်းချမ်းစွာ ပညာသင်ကြားရေးနှင့် အေးချမ်းအောင်မြင်စွာ စာမေးပွဲဖြေဆိုနိုင်ရေးနှင့် ပတ်သက်၍ သဘောထား ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ခဲ့ပြီး ထိုပွဲသို့ ကျောင်းသား ၄ဝဝခန့် တက်ရောက်ခဲ့ကြသည်။

Most read this week