ကျောက်ဖြူတွင် ဦးခေါင်းမရှိဘဲ သေဆုံးနေသူ တစ်ဦးတွေ့ရှိ

ကျောက်ဖြူတွင် ဦးခေါင်းမရှိဘဲ သေဆုံးနေသူ တစ်ဦးတွေ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ စိုင်ခြံုကျေးရွာ မြောက်ဘက် နှစ်ဖာလုံခန့်အကွာ၊ လယ်ကွင်းစပ်နား ဆူးခြံုထဲတွင် ဦးခေါင်းပြတ်ကြီးဖြင့် အမည်မသိ သေဆုံးနေသူ တစ်ဦးကို ကျေးရွာသားများက ဖော်ဖော်ဝါရီ၁၄ ရက်နေ့၌ တွေ့ရှိခဲ့သည်ဟု ရဲအဖွဲ့က ပြောကြားသည်။

“ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်မှာ ရွာသားတွေက တွေ့ရှိတာပါ။ သေသူမှာ ဦးခေါင်း မရှိတော့ဘူး။ ဘယ်သူဆိုတာလဲ မသိရသေးပါဘူး။ စစ်ဆေးနေတုန်းပါ” ဟု သွားရောက်စစ်ဆေးခဲ့သည့် အမှုစစ်ရဲအရာရှိက ပြောသည်။

ဖော်ဖော်ဝါရီ၁၄ ရက်နေ့  နံနက်ပိုင်းက စိုင်ခြံုကျေးရွာမှ ဦးညိုလှနှင့် ကျေးရွာသား အချို့က အပုတ်နံ့ထွက်၍ လိုက်လံ ရှာဖွေရာ ရွာအနီးရှိ ဆူးခြံုထဲတွင် အမည်မသိ ဦးခေါင်း  မရှိတော့ဘဲ သေဆုံးနေသူကို တွေ့ ရှိခဲ့ကြောင်း၊ ယင်းနောက်ပိုင်း မြို့နယ်ရဲစခန်းအား သွားရောက်တိုင်တန်း သတင်းပို့ခဲ့ကြောင်း ကျေးရွာ လူကြီးတစ်ဦးက နိရဥ္စရာသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားသည်။

ယခုအခါ အလောင်းကို ဆေးရုံသို့ ဆေးစစ်ရန် ပို့လိုက်ပြီဟု ရဲအရာရှိက ပြောသည်။

“မနေ့(ဖေဖေါ်ဝါရီ၁၄)က ညနေ ၃နာရီ ၃၀မိနစ်မှာ သတင်းရတယ်။ သတင်းရတာနဲ့ ချက်ချင်း ကျနော်တို့လိုက်သွားတယ်။ သေဆုံးနေတဲ့သူက စပို့ရှပ် အကျင်္ီအမဲရောင် ၀တ်ထားတာတွေ့တယ်။ ရုပ်က ဘယ်သူမှန်းမမှတ်မိတော့ဘူး။ ဦးခေါင်းလည်း မရှိတော့ဘူး။ ၀မ်းဗိုက်မှာ အူတွေလည်း မရှိတော့ဘူး။ ယောကျ်ားဖြစ်ဖို့များတယ်။ လူသတ်ပြီး ပစ်ထားတာလို့ ယူဆပါတယ်။ ၁၅ရက်လောက်တော့ ရှိမယ်ထင်ပါတယ်။ စစ်ဆေးရန်အတွက် ဆေးရုံကို ပို့လိုက်ပြီ” ဟု ရဲအရာရှိက ဆိုသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သေမှု သေခင်းအရ ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။

စိုင်ခြံုမြောက်ဘက်ရွာမှ ဦးခင်မောင်စိုး (မူလတန်းကျောင်းအုပ် (ဦးကင်း)) လည်း ရွာမှ ပျောက်နေသည်မှာ (၁၀)ရက်ကျော် ရှိနေသဖြင့် သူဖြစ်နိုင်မလားဟု ဆွေမျိုးများနှင့် ရွာသားများက တွေးတောကာ စိုးရိမ်ပူပန်လျက် ရှိနေကြသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

Most read this week