နယ်မြေအေးချမ်းမှ ဒုက္ခသည်များကို ပြန်ပို့ရန် ကရင်အမျိိိုးသမီး အစည်းအရုံး တောင်းဆို

နယ်မြေအေးချမ်းမှ ဒုက္ခသည်များကို ပြန်ပို့ရန် ကရင်အမျိိိုးသမီး အစည်းအရုံး တောင်းဆို
by -
နွယ်လေး
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)ဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထိုင်း နိုင်ငံတွင်း ထွက််ပြေးခိုလှုံလာသည့် ဒုက္ခသည်များကို ထို်င်းအစိုးရမှ တာဝန်ယူနေရာ ချထားပေးရန် ကရင်အမျိုး သမီး အစည်းအရုံး (KWO)က တောင်းဆို ...

 
ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)ဒေသအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထိုင်း နိုင်ငံတွင်း ထွက််ပြေးခိုလှုံလာသည့် ဒုက္ခသည်များကို ထို်င်းအစိုးရမှ တာဝန်ယူနေရာ ချထားပေးရန် ကရင်အမျိုး သမီး အစည်းအရုံး (KWO)က တောင်းဆိုသည်။
 
ယနေ့ထုတ်ပြန်သည့် ကြေညာချက်ထဲတွင် ကရင်ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များ က နေရာချထားပေးရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တဆင့်ကူညီရန် တောင်းဆိုထားသည်ဟု (KWO) အထွေ ထွေ အတွင်းရေးမှုး နန်းဒါအဲကလယ်က ပြောသည်။
 
“လူထုတွေကိုယ်တိုင်က ဒီဘော်ဒါကိစ္စ၊ စစ်တပ်ထဲ ၀င်ရမယ့်ကိစ္စတို့ကြောင့် သူတို့တွေက မပြန် ချင်ကြဘူး။ မပြန်ရဲကြပါဘူးလို့ ပြောတဲ့အပေါ်မှာ ကျမတို့ကလဲ UNHCR ကနေပြီး ဒီလူုထုကို အကာ အကွယ် ပေးပေးဖို့ လိုအပ်နေပြီ ဆိုတဲ့အနေနဲ့ UNHCR ကနေ ထိုင်းအာဏာပိုင်နဲ့ ဆက်ပြီး ညှိနှိုင်း ဆွေးနွေးဖို့တောင်းဆိုတယ်။”
 
ထွက်ပြေးလာသည့် ကရင်ဒုက္ခသည် (၄၀၀၀)ကျော်သည် တာခ့်ခရိုင်ရှိ ဘုန်းကြီးကျောင်း နှင့် ကယ်ဆယ်ရေး စခန်း (၃)ခုတွင် ယာယီခိုလှုံ နေကြရသည်။
 
“အဲဒီဧရိယာမှာ ရှိတဲ့ထိုင်းတွေက တိုက်ရိုက်ကြီးတော့့ဖိအားပေးတာ မဟုတ်ဘူး။ ဒီီမှာနေလို့ ရှိရင် တော့ နေဖို့စားဖို့ ခုလိုအခက်အခဲရှိတယ်။ မပြန်ကြဘူးလား ပြန်လို့ရှိရင် ပိုကောင်းတာတို့ အဲလို အမြဲ လာပြော တာရှိတယ်။ သူတို့နေတဲ့ ဘုန်းကြီးကျောင်းနေရာဆို လူကများ တော့ လူနဲ့နေရာ မမျှ ဘူး။ ကလေးတွေနဲ့ အမျိုးသမီး အများစုဖြစ်နေတော့ နေ့တဓူဝ စားသောက်ဖို့ အခက်အခဲရှိတယ်။” ဟု နန်းဒါအဲကလယ်က ဆက်ပြောသည်။
 
ထွက်ပြေးခိုလှုံလာသည့် ကရင်ဒုက္ခသည်များကို ၎င်းတို့နေရပ်သို့ ပြန်နေခြင်းနှင့် ပတ်သက်ပြီး ဒီကေဘီအေမှ ကမ်းလှမ်းမှုများ ရှိသော်လည်း ဒုက္ခသည်များ နေရပ်ရင်းသို့ ပြန်ရောက်လျှင် အတင်းအဓမ္မ ပေါ်တာထမ်းခြင်း၊ အသက်အရွယ် အကန့်အသတ်အလိုက် နယ်ခြားစောင့် တပ်များတွင် သွားရောက် တာဝန်ထမ်းဆောင်ရခြင်း များကို ရင်ဆို်င်ရမည် ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
 
စစ်ပြေးကရင်ဒုက္ခသည်များကို နယ်မြေအေးချမ်းပါကနေရပ် ပြန်ပို့မည်ဟု ထိုင်းအစိုးရက ပြောဆိုထားသည်။
 
ဇွန်လ ၁၈ ရက်နေ့တွင် ဒီကေဘီအေ အရာရှိက ထိုင်းအာဏပိုင်နှင့် လာရောက် ဆက်သွယ်ပြီး နေရပ်ရင်းသို့ ပြန်လိုသည့် စစ်ပြေးဒုက္ခသည် ၉၉ ယောက်ကို ပြန်ပို့သည့် ကိစ္စနှင့် ပတ်သက်၍ နန်းဒါအဲကလယ်က ယခုလို ပြောသည်။
 
“ကျမတို ဟိိုးတလောက သတင်းထဲမှာ ကြားမိတယ်။ တကယ်တမ်း ဒီလူတွေက ပြန်တာ မဟုတ်ဘူး။ မပြန်ဖြစ်ဘူး။ လှေပေါ်တက် ဓါတ်ပုံတော့ ရိုက်ဖြစ်တယ်။ ဒါပေမယ့် မပြန်ဖြစ် ဘူး။ ပြန်လဲ မပြန် ရဲကြဘူး ဟိုးဘက်ကမ်းကို။ ခုထိ ပြန်ပါတယ်ဆိုတာ မိသားစု အတိအကျ မရှိနေသေးဘူး။ အဲလူတွေ ကျမတို့ တကယ်စုံစမ်းကြည့်တော့တကယ် မပြန်ဖြစ်ဘူး။”
 
ယခုအခါ ထိုင်းအာဏာပို်င်များ၊ UNHCRနှင့် အခြားသော NGO အဖွဲ့အစည်းများမှ စစ်ပြေးဒုက္ခသည်များကို ကူညီထောက်ပံ့ပေးထားသည်။
 
မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီကေ ပူးပေါင်းတပ် ထိုးစစ်ဆင်မှုကြောင့် ကရင်ဒုက္ခသည် များ ထပ်မံပြေးထွက် လာရန် ရှိသေးသည်ဟု ကရင်ဒုက္ခသည်များကို အကူအညီပေးနေ သည့် အဖွဲ့အစည်းများက ပြောသည်။

Most read this week