ကိုးသောင်းဘုရားကို နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ရှစ်သောင်းဘုရားဟု မှားယွင်းဖေါ်ပြ

ကိုးသောင်းဘုရားကို နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ရှစ်သောင်းဘုရားဟု မှားယွင်းဖေါ်ပြ
by -
နိရဥ္စရာ

ကိုးသောင်းဘုရားပုထိုးတော်အား ရှစ်သောင်းဘုရားဟု ဖေဖော်ဝါရီလ ၁၀ရက်နေ့ထုတ် နိုင်ငံ ပိုင် ကြေးမုံသတင်းစာ မျက်နာဖုံးတွင်  မှားယွင်း ပုံနှိပ်ဖေါ်ပြခဲ့သည်။

ယခုကဲ့သို့ နိုင်ငံပိုင် သတင်းစာတစ်စောင်က ရခိုင်ပြည်မှ အထင်ကရ စေတီပုထိုးတော်များ၏ နာမည်ကို မှားယွင်းဖေါ်ပြခြင်းမှာ လုံးဝ မဖြစ်သင့်ဟု စစ်တွေဒေသခံ  ဦးအောင်သာလှက ပြောသည်။

mirror

“ လုံးဝ မဖြစ်သင့်ဘူး။ မြန်မာ စာဖတ်သူတွေ ရခိုင်က ဘုရားပုထိုးတော်တွေကို အမည်လွဲမှား ကောက်ယူနိုင် တယ်” ဟု ဆိုသည်။

ဖေဖေါ်ဝါရီလ ၁၀ရက်နေ့ထုတ် ကြေးမုံသတင်းစာ မျက်နှာဖုံးတွင် “ မြောက်ဦးဒေသရှိ မြန်မာ့ အမွေအနှစ်များ ကမ္ဘာ့အမွေအနှစ် စာရင်းတင်နိုင်ရေး ပူးပေါင်းပါ၀င်” ခေါင်းစဉ်ဖြင့်  သတင်းတစ်ပုဒ် ပါရှိလာခဲ့သည်။

ယင်းသတင်းတွင် မြောက်ဦးယဉ်ကျေးမှုဒေသရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးအတွက် GIS Data Base ပြုလုပ်ခြင်း၊ နယ်နမိတ်များ တိုင်းတာ၍ Digital Mapping ပြုလုပ်ရေး အပါအဝင် လိုအပ်သည့် ပြုပြင် ထိန်းသိမ်းဆောင်ရွက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်လွှင်က ပြောကြောင်း ဖေါ်ပြထားသည်။

the-mirror

၀ိှုက်ကတ်ကိုင်ဆောင်သူများကို ပြည်သူ့လွှတ်တော်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲထည့်ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်း အပေါ် ရခိုင်ပြည်သူလူထု တစ်ရပ်လုံးက အကြီးအကျယ် မကျေနပ် ဖြစ်နေချိန်တွင် “ မြောက်ဦးဒေသရှိ မြန်မာ့ အမွေအနှစ်များ ကမ္ဘာ့အမွေအနှစ် စာရင်းတင်နိုင်ရေး ပူးပေါင်းပါ၀င်” ခေါင်းစဉ်ဖြင့် မျက်နာဖုံးတွင် ပုံနှိပ်ဖေါ်ပြခြင်းမှာ ယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားသော ရခိုင်ပြည်သူများကို နှစ်သိမ့်လိုသည့် သဘောဟု အများက ယူဆနေကြကြောင်း သတင်း ရရှိသည်။

Most read this week