ရခိုင်ကရင် ၃၄ ဦးလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၀ ကျော် ဒက္ကားတွင် ဖမ်းဆီးခံရ

ရခိုင်ကရင် ၃၄ ဦးလွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၀ ကျော် ဒက္ကားတွင် ဖမ်းဆီးခံရ
ဒက္ကားမြို့ အိန္ဒိယ သံရုံးရှေ့တွင် ရခိုင်နှင့် ကရင် ၃၄ ဦး လွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၁ ဦးကို ဘင်္ဂလာရဲ အဖွဲ့က ယနေ့ နံနက်က ဖမ်းဆီးသွားသည်။ သူတို့အား ယခုအခါ ဂုလ်ရှန် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများကို ပြုလုပ်နေ ...

 
ဒက္ကားမြို့ အိန္ဒိယ သံရုံးရှေ့တွင် ရခိုင်နှင့် ကရင် ၃၄ ဦး လွတ်မြောက်ရေး အတွက် ဆန္ဒပြသူ ၂၁ ဦးကို ဘင်္ဂလာရဲ အဖွဲ့က ယနေ့ နံနက်က ဖမ်းဆီးသွားသည်။
 
သူတို့အား ယခုအခါ ဂုလ်ရှန် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများကို ပြုလုပ်နေသည်ဟု ကိုကံမြင့်က ပြောသည်။
 
“ကျနော်တို့ကို သူတို့က စစ်ဆေးနေတယ်။ ဘာကြောင့် ဆန္ဒပြရတယ်ဆိုတဲ့ အကြောင်းတွေကို ထပ်ခါ တလဲလဲ မေးမြန်းနေတယ်။ ဦးကျော်မြသာက အခြေအနေတွေကို ရှင်းပြနေတယ်။ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးဘူး။”
 
ဖမ်းဆီးခံရသူ အများစုမှာ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံးမှ ဖြစ်ပြီး ရဟန်းတော်များနှင့် အမျိုးသမီးများလည်း ပါ၀င်သည်။
 
“သူတို့က ကျနော်တို့ ပတ်စ်ပို့ ရှိလားဆိုပြီးတော့လည်း မေးနေပါတယ်။ အများစုကတော့ ယူအန်ကဒ်တွေကို ထုတ်ပြကြပါတယ်။” ဟု ကိုကံမြင့် ပြောသည်။
 
ယခုအချိန်ထိ စစ်ဆေးမေးမြန်းနေပြီး မည်သို့ ဆက်ဖြစ်လာမည်ကို မသိသေးကြောင်း ကိုကံမြင့်က ဆက်ပြောသည်။
 
ယနေ့တွင် ကမ္ဘာလုံးဆိုင်ရာ ရခိုင် ကရင် ၃၄ ဦး လွတ်မြောက်ရေး လှုပ်ရှားမူနေ့ဖြစ်ရာ ဘင်္ဂလာဒေချ့်တွင် ရခိုင်အမျိုးသားများက အိန္ဒိယ သံရုံးကို သွားရောက် ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။
 
ဘင်္ဂလာဒေချ့်တွင် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို ဘင်္ဂလာရဲက ဖမ်းဆီးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

Most read this week