ရခိုင်ကမ်းလွန်တွင် ရေနံအစမ်းတွင်း တူးဖေါ်

ရခိုင်ကမ်းလွန်တွင် ရေနံအစမ်းတွင်း တူးဖေါ်
by -
နိရဥ္စရာ

ရခိုင်ကမ်းလွန်ပင်လယ်ပြင်တွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရှာဖွေရန် အောင်ပြည်ဟိန်း (၁)အစမ်းတွင်း ကို ဖေဖော်ဝါရီလ ရ ရက်နေ့က စတင်တူးဖေါ်ခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းအစမ်းတွင်းသည် ရခိုင်ပင်လယ်ပြင် လုပ်ကွက်အမှတ် AD-1 အတွင်းတည်ရှိပြီး  စွမ်းအင်ဝန်ကြီး ဌာန မြန်မာရေနံနှင့် သဘာဝ ဓါတ်ငွေ့ လုပ်ငန်းနှင့် Chinnery Assets Limitedတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ရခိုင်ကမ်းလွန် လုပ်ကွက် ဖြစ်သည်။

hd981

ယင်းအစမ်းတွင်အား Chinnery Assets Limited မှ ပိုင်ဆိုင်သော Hai Yang Shi  You 981 တွင်းတူးစက်ဖြင့် တူးဖော်သွားမည်ဖြစ်သည်။

ယခုအစမ်းတွင်းသည် ရခိုင်ကမ်းလွန်တွင် ပထမဆုံး တူးဖော်ရှာဖွေသော ရေနက်ပိုင်း ရှာဖွေရေးတွင်းဖြစ် သည်။ ယခု တူးဖော်မည့်နေရာသည် ရေအနက် ၁၇၃၁မီတာ ရှိပြီး စုစုပေါင်း အနက် ၅၀၀၀ မီတာ အနက်ထိ တူးဖော်သွားမည်ဟု ဆိုသည်။

ရခိုင်ကမ်းလွန်ပြင်အောက်တွင် ပလိုင်အိုစင်း (Pliocene) နှင့် မိုင်အိုစင်း (Miocene) သက်တမ်းရှိ သဲကြောများ ရှိပြီး ယင်းသဲကြောများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ရှာဖွေသွားမည်ဟု အစိုးရပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းတို့သည် ယင်းအစမ်းတွင်း တူးဖော်မှုအား ဖေဖော်ဝါရီလ ရ ရက်နေ့က သွားရောက်ပြီး စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်ဟု သိရသည်။

Most read this week