နစကမှ ဘင်္ဂလာ လက်ကိုင်ဖုံး ကိုင်ဆောင်သူများကို လိုက်လံရှာဖွေ

နစကမှ ဘင်္ဂလာ လက်ကိုင်ဖုံး ကိုင်ဆောင်သူများကို လိုက်လံရှာဖွေ
ပြည်တွင်းထဲမှ သတင်းများ ပြည်ပ သတင်းဌာများသို့ နေ့စဉ် ရက်ဆက် ဆိုသလို ပေါက်ကြားနေသဖြင့် ယနေ့နံနက်မှ စတင်ပြီး မောင်တောမြို့တွင် ဘင်္ဂလာဒေချ့် လက်ကိုင်ဖုံး ကိုင်ဆောင်သူများကို ဖမ်းဆီးရန်အတွက် နစက တပ်ဖွဲ့ဝင်များမှ အပူတပြင်း လိုက်လံ ရှာဖွေနေသည်ဟု သိရ ...

 
ပြည်တွင်းထဲမှ သတင်းများ ပြည်ပ သတင်းဌာများသို့ နေ့စဉ် ရက်ဆက် ဆိုသလို ပေါက်ကြားနေသဖြင့် ယနေ့နံနက်မှ စတင်ပြီး မောင်တောမြို့တွင် ဘင်္ဂလာဒေချ့် လက်ကိုင်ဖုံး ကိုင်ဆောင်သူများကို ဖမ်းဆီးရန်အတွက် နစက တပ်ဖွဲ့ဝင်များမှ အပူတပြင်း လိုက်လံ ရှာဖွေနေသည်ဟု သိရသည်။
 
အမည်မဖေါ်လိုသူ တဦးက “သူတို့က ဒီကနေ့ နံနက်စပြီး ဘင်္ဂလာဒေချ့် လက်ကိုင်ဖုံး ကိုင်ဆောင်သူတွေကိ်ု ဖမ်းဆီးမယ် ဆိုပြီး ညွန်ကြားချက် ထုတ်လိုက်တယ်လို့ သိရပါတယ်။ အတွင်းက လာတဲ့ ခိုင်လုံတဲ့ သတင်းအရ နစက သတင်းပေးတွေကို နေရာ အနှံ့မှာ ချထားပြီး လက်ကိုင်ဖုံး သုံးသူတွေကို လိုက်လံ စုံစမ်းနေတယ်လို့ သိရပါတယ်” ဟု ပြောသည်။
 
မြန်မာ-ဘင်္ဂလာနယ်စပ် တလျှောက်တွင် မြန်မာ ပြည်သူများ အနေဖြင့် စျေးစျေးပေါပေါဖြင့် ရရှိသော ဘင်္ဂလာဒေချ့်မှ လက်ကိုင်ဖုံးများကို ၀ယ်ယူပြီး မြန်မာ နယ်စပ် တလျှောက်တွင် တွင်တွင် ကျယ်ကျယ် အသုံး ပြုနေကြသည်။
 
ထိုသို့ ဘင်္ဂလာ လက်ကိုင်ဖုံးများကြောင့် ဆက်သွယ်ရေး လွယ်ကူ နေသဖြင့် မြန်မာနိင်ငံ အနောက်ဘက် ဒေသတွင် ဖြစ်ပျက်နေသော သတင်းများမှာ ပြည်ပ သတင်းဌာနများသို့ ချက်ချင်း ရောက်ရှိ သွားသည်ဟု သိရသည်။
 
“ကျွန်တော်တို့ သိရသလောက် ဆိုရင် တချို့ သတင်းတွေကျရင် မောင်တော အာဏာပိုင်တွေက မသိသေးဘူး။ နေပြည်တော်က အာဏာပိုင်တွေက ပြည်ပ သတင်း မီဒီယာတွေကတဆင့် သိသွားပြီ။ ဒီကို လှမ်းမေးတော့ တခါတခါ မောင်တောက တာဝန်ရှိသူတွေက မဖြေနိုင်တော့ လှမ်းအဆူ ခံရတယ်လို့လည်း ကြားသိရပါတယ်” ဟု ပြောသည်။
 
ယခုကဲ့သို့ ဘင်္ဂလာ လက်ကိုင်ဖုံးများကြောင့် အာဏာပိုင်များ၏ လာဒ်ပေး လာဒ်ယူမူများမှ အစ လူ့အခွင့်အရေး ချိုးဖေါက်မူ သတင်းများကို ပြည်ပ သတင်းဌာနများက အချိန်မှှီ ရရှိသွား သဖြင့် မောင်တောခရိုင် အထက် အာဏာပိုင်များက အဆို လက်ကိုင်ဖုံးများကို ပြင်းပြင်းထန်ထန် နှိမ်နှင်းလိုနေသည်ဟု သိရသည်။
 
သို့သော် အောက်ခြေအဆင့် ၀န်ထမ်းများမှ လက်ကိုင်ဖုံးများကို ဖမ်းဆီးရမိတိုင်း အထက်သို့ မတင်ပြဘဲ ပိုင်ရှင်များထံမှ ငွေညစ်တောင်းခံလေ့ ရှိသဖြင့် အဆိုပါ လက်ကို််င်ဖုံး နှိမ်နှင်းရေးမှာ မအောင် မမြင် ဖြစ်နေရသည်ဟု သိရသည်။

Most read this week