ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မှ ခေါင်း ဆောင်များသည် အိန္ဒိယနိုင်ငံကို သွားရောက်ပြီး အိန္ဒိယအစိုးရ နှင့် မီဇိုးလူမျိူးစုလက်နက်ကိုင်တပ်ဖွဲ့ Mizo National Front (MNF) အဖွဲ့တို့ချူပ်ဆိုခဲ့ကြသော (The Mizo Accord) မီဇိုးငြိမ်းချမ်းရေးသဘောတူညီချက်ကို လေ့လာရန် သဘောတူခဲ့ကြသည်ဟု မကြာ သေးခင်က မြန်မာနိုင်ငံကိုသွားရောက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် ကြားဝင်ဆောင်ရွက်ပေးခဲ့သော မီဇိုရမ်ပြည်နယ် ၀န်ကြီးချူပ် ဟောင်းလည်းဖြစ် Mizo National Front (MNF) ၏ လက်ရှိဥက္ကဌ ပူးဇိုးရမ်းထန်းငါက ပြောသည်။
ဇန်နဝါရီလ ၃၁ ရက်နေ့က မီဇိုရမ်ပြည်နယ်သို့ ပြန်လည်ရောက်ရှိလာသော ပူးဇိုးရမ်းထန်းငါ သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ က အိုင်ဇောလ်မြို့ MNF ပါတီဌာနချူပ်တွင် ၎င်း၏ ခရီးစဉ်အတွေ့အကြံုရှင်း လင်းပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ရာတွင် သူက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ သို့ရာတွင် မြန်မာအစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မည်သည့် အချိန်၌ အိန္ဒိယသို့ သွားရောက်ကြမည်ကိုမူ ပြောဆိုသွားခြင်းမရှိပေ။
“အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ဆယ်စုနှစ် ၆ ခုကြာဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက် ခိုက်မှုတွေ ကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်နေတဲ့ကာလမှာ ငြိမ်းချမ်းရေးကို အကျိူးဖြစ်စေမယ့် ခြေ လှမ်းတစ်ရပ်အနေနဲ့ The Mizo Accord ကို နှစ်ဖက်စလုံးက လေ့လာဖို့ သဘောတူခဲ့ကြပါတယ်’’ ဟု ပူးဇိုးရမ်းထန်းငါက ပြောသည်။
အင်္ဂလန် အခြေစိုက် Inter Mediate (Imo1 Ltd) အဖွဲ့၏ ဖိတ်ခေါ်ချက်ဖြင့် ပူးဇိုးရမ်းထန်းငါသည် မြန်မာ့ငြိမ်းချမ်းရေး ကြားဝင် ကူညီဆောင်ရွက်ပေးရန် ဇန်နဝါရီ ၁၂ ရက်နေ့က ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော် မတီ၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သည်။
ထို့နောက် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့မှ ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး မီဇိုးလက်နက်ကိုင်တပ်ဖွဲ့နှင့် အိန္ဒိယအစိုးရအကြား ငြိမ်းချမ်းရေးဆောင် ရွက်ခဲ့ကြသည့် အတွေ့အကြံုများ ကို ရှင်းလင်းဖလှယ်ခဲ့သည်။
လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ပူးဇိုးရမ်းထန်းငါက “နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးလိုချင်ပေ မယ့် အဲဒီကို ရှေ့ရှူတဲ့ လမ်းကို မရှာနိုင်ဖြစ်နေတာ တွေ့ရပါတယ်၊ ကျွန်တော့် အမြင်မှာတော့ သူတို့ဟာ လူပျိုကြီးတွေလိုပဲ မင်္ဂလာတော့ တကယ် ဆောင်ချင်နေပေမယ့် ဘယ်က စရမယ်ဆိုတာ မသိဘူးဖြစ်နေကြပါ တယ်” ဟု ပြောသည်။
Pu Laldenga(ကွယ်လွန်) ဦးဆောင်သော Mizo National Front (MNF) မီဇိုးလူမျိူးစုလက် နက်ကိုင်တပ်ဖွဲ့ သည် မီဇိုရမ် ပြည်နယ် လွတ်လပ်ရေးအတွက် ၁၉၆၆ ခုနှစ်က အိန္ဒိယအစိုးရကို စတင်ပုန်ကန်ခဲ့သည်။ အိန္ဒိယ အစိုးရ နှင့် ဆယ်စုနှစ် ၂ ခုကြာ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြပြီးနောက် ၁၉၈၆ ခုနှစ်တွင် Rajiv Gandhi ဦးဆောင်သော အိန္ဒိယအစိုး နှင့် တွေ့ဆုံဆွေးနွေးပြီး The Mizo Accord ခေါ် မီဇိုးသဘောတူညီချက်ကို ချူပ်ဆိုခဲ့ကြသည်။
ယင်းသဘောတူစာချူပ်သည် အိန္ဒိယနိုင်ငံတွင် အအောင်မြင်ဆုံးသော ငြိမ်းချမ်းရေးစံပြသဘောတူစာချူပ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။