ဟားခါးမြို့ လက်ဝါးကပ်တိုင်မြေနေရာ အတွက် မှတ်ပုံတင် လျှောက်ခွင့်ပြု

ဟားခါးမြို့ လက်ဝါးကပ်တိုင်မြေနေရာ အတွက် မှတ်ပုံတင် လျှောက်ခွင့်ပြု
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ဟားခါးမြို ့ရှိ လက်ဝါးကပ်တိုင် စိုက်ထူခွင့် ရရှိနိုင်ရေးအတွက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ချင်းပြည်နယ် လွှတ်တော် အစည်းအဝေးက တရားဝင်ခွင့်ပြုပေးရန် သဘောတူထားကြောင်း နှင့် ဟားခါးမြို ့ရှိ (Hakha Christian Ministry Fellowship- HCMF) တာဝန်ရှိသူများကို မှတ်ပုံတင် လျှောက်ခွင့် ပြု လိုက် ကြောင်း သိရသည်။

လျှောက်လွှာတင်ရမည် ဆိုသောကြောင့် လက်ဝါးကပ်တိုင်စိုက်ထူခွင့်ပြုသည်ဟု ပြော၍ မရသေးကြောင်း ဟားခါးမြို ့ ဒေသတစ်ဦးက ပြောသည်။

Hakha-Cross1

”အခုဟာက လက်ဝါးကပ်တိုင် နေရာကို ခွင့်ပြုပြီ လို ့ပြောလို ့ မရသေးဘူး။ ပြည်နယ် လွှတ်တော်ရဲ ့ ဆုံးဖြတ်ချက် အရ HCMF တာဝန်ရှိသူတွေကနေ သက်ဆိုင်ရာ ဌာနကို လျှောက်လွှာတင်မယ််၊ ဒါကို ခွင့်ပြုမယ်လို ့ သိရတယ်။ လျှောက်လွှာ တင်ခိုင်းတဲ့ အဆင့်ဘဲရှိသေးတယ်။” ဟု ၎င်းက ပြောသည်။

Pu J Biak Tin Sang က ဆုတောင်းပြည့်တောင်ကုန်းတွင် စိုက်ထူ ခဲ့သော လက်ဝါးကပ်တိုင်နှင့် မြေနေရာ (၃) ဧက ကို HCMF ထံလုပ်ဆောင်ခွင့် ပေးအပ်ပြီးဖြစ် သည့်အတွက် ယခုကဲ့သို ့ HCMF မှ လျှောက်ထားခြင်းဖြစ်ကြောင်း ပြည်နယ် ၀န်ကြီး ဦးကျော်ငြိမ်း၏ ပြောကြား ချက်ကို ကိုးကားပြီး The Chin land Post သတင်း စာတွင် ဖေါ်ပြထား သည်။

ထို ့အပြင် လက်ဝါးကပ်တိုင်ရှိသည့် နေရာ အနီးရှိ မြေနေရာတစ်ခုကိုလည်း ၂၀၁၂ ခုနှစ် ကတည်းက ဗုဒ္ဒဘာသာ ၀င်များ မှ စေတီဆောက်လုပ်ရန် လျှောက်ထားခြင်း ကိုလည်း လွှတ်တော်က တပါးတည်း ခွင့်ပြု လိုက်ကြောင်းသိရ သည်။

”  လက်ဝါးကပ်တိုင် ပြောင်းရွှေ ့ဖို့အမိန် ့ကို ပြန်ရုတ်သိမ်းပြီးတော့ လျှောက်လွှာတင်ခိုင်းတဲ့ အဆင့်ရောက်အောင် လွှတ်တော်က ဆုံးဖြတ်တာကတော့ ကြိုဆိုရမှာဘဲ။ နောက်မှ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရအုံးမှာဘဲ” ဟု အဆိုပါ ဒေသခံကဆိုသည်။

ဦးဟုန်းငိုင်း ဦးဆောင်သည့် ချင်းပြည်နယ် အစိုးရက ဟားခါးမြို ့ရှိ လက်ဝါးကားတိုင်ကို ဇန်နဝါရီလ (၃၀) ရက်နေ ့ နောက်ဆုံးထား၍ ပြောင်းရွှေ ့ပေးရန် ဇန်နဝါရီလ (၁၃) ရက်နေ ့တွင် အမိန် ့ထုတ်ခဲ့သည်။

ယခုကဲ့သို ့ လွှတ်တော်က ဆုံးဖြတ်ခြင်းကြောင့် ဟားခါးမြို ့ရှိ ခရစ်ယာန်ဘာသာဝင်များမှ ဆန္ဒဖေါ်ထုတ်ရေး အစီအစဉ် ကိုလည်း ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

Most read this week