မျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲ ဘူးသီးတောင်တွင် ပြုလုပ်

မျိုးစောင့်ဥပဒေ ထောက်ခံကြိုဆိုပွဲ ဘူးသီးတောင်တွင် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ အေးစေတီကျောင်းတိုက်၌ မဘသဆရာတော်များ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ သံဃာတော်များနှင့် လူမှုရေးအဖွဲ့အစည်းမျ ားနှင့် မြို့ခံများက မျိုးစောင့်ဥပဒေ ထောက်ခံပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။

ထောက်ခံကြိုဆိုပွဲ ပြုလုပ်ရသည့် အကြောင်းအရင်းကို ဘူးသီးတောင်မြို့ခံ ဦးထွန်းအောင်သိန်းက ယခုလိုပြောသည်။

“မျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံရဲ့ အနောက်တံခါးဖြစ်တဲ့ ကျွန်တော်တို့ဒေသမှာ တကယ်ကို အရေးကြီးပါ တယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ တင်ထားဆဲ ဒီဥပဒေကို မဖြစ်မနေအတည်ပြု ပေးဖို့ တောင်းဆို ရင်း ဒီဥပဒေကို ထောက်ခံတယ်လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

အဆိုပါဥပဒေအပြင် ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ တစ်လင်တစ်မယားစနစ်နှင့် လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအပါအဝင် လူဦးရေထိန်းညှိမှုဆိုင်ရာ ဥပဒေများသည်  မြန်မာတစ်နိုင်ငံလုံးအတွက် မရှိမဖြစ်သော သော့တစ်ချောင်းပင် ဖြစ််ကြောင်း ဘူးသီးတောင်မြို့နယ် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးနာယက က အခမ်းအနားတွင် မိန့်ကြားခဲ့သည်။

“အဲဒီသော့ကိုသာ ဂရုတစိုက် မပြုပြင်ရင် မြန်မာနိုင်ငံမှာ ဆူပူမှုအန္တရာယ်တွေ၊ အကြမ်းဖက်မှု တွေ၊ လူမျိုးကြီးဝါဒ လွှမ်းမိုးမှုတွေ၊ တရားဥပဒေတွေဟာ တစတစ ပျက်စီးသွားလိမ့်မယ်”ဟု ဆရာတော်ကမိန့်သည်။

အဆိုပါဥပဒေမှာ ရခိုင်တစ်ခုတည်းအတွက်သာမက မြန်မာပြည်သူတစ်ရပ်လုံးအတွက်ပါ အလွန်အရေးပါသည့် ဥပဒေတရပ်ဖြစ်သဖြင့် အားလုံးက စည်းလုံးညီညွတ်စွာ လက်တွဲထောက်ခံရန် လိုအပ်သည်ဟုလည်း ရခိုင်ပြည်နယ် သြဝါဒါစရိယ အောင်မင်္ဂလာဆရာတော်က ယင်းအခမ်းအနားတွင် တိုက်တွန်းမိိန့်ကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သို့ တင်ထားဆဲဖြစ်သည့် အဆိုပါဥပဒေကို ယခုကဲ့သို့ ထောက်ခံကြိုဆိုပွဲများ လုပ်ပြီးလျှင်လည်း လိုအပ်လာပါက ထောက်ခံလက်မှက်များရေးထိုးကာ လွှတ်တော်သို့တင်သွင်းသွား မည်ဟုလည်း အခမ်းအနားတွင် သဘောတူညီမှုရရှိခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ဘူးသီးတောင်မြို့နယ် မဘသဆရာတော်များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ သံဃာတော်များနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် မြို့ခံ၂ဝဝကျော်ခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားကို ညနေ ၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

Most read this week