ဒီကေဘီအေက ကေအဲန်ယူ တပ်ရင်း ၂၀၂ နှင့် ၂၁ ကို ထိုးစစ်ဆင်နေ

ဒီကေဘီအေက ကေအဲန်ယူ တပ်ရင်း ၂၀၂ နှင့် ၂၁ ကို ထိုးစစ်ဆင်နေ
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ (၇)ထိန်းချုပ်ရာနယ်မြေတွင် နှစ်နေရာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ ...

 
မြန်မာစစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ် ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) လက် အောက်ခံ တပ်မဟာ (၇)ထိန်းချုပ်ရာနယ်မြေတွင် နှစ်နေရာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
 
ကွယ်လွန်သူ ကေအဲန်ယူ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ ၏ ဂူသချုႌင်းရှိရာ တပ်ရင်း ၂၀၂ နှင့် ၂၁ တပ်ရင်း ကို ၀င်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ ဗဟိုဌာနချုပ်ရှိ အရာရှိတဦးက ပြောသည်။
 
“မနေ့က နှစ်ဖက်ဖြစ်တယ်ဗျ။ နှစ်ဖက်ဆိုတာက ကျနော်တို့ ဆုတ်ပေးလိုက်ရတဲ့ ၂၁ ဘက်မှာ လည်း တဖွဲ့ဖြစ်တယ်။ နောက်ပြီးတော့ မူအေးပူဘက်ပေါ့နော်။ ဗိုလ်ချုပ်မြမြုပ်ထားတဲ့နေရာ အဲဘက်မှာ လည်းတဖွဲ့ဖြစ်တယ်။ မနေ့က နှစ်နေရာဖြစ်တယ်။ မနက်ပိုင်းမှာ ၂၁ ဘက်မှာ ဖြစ်တယ်။ နေ့လည် ဘက်မှာတော့့ ကျနော်ရောက်တဲ့အချိန်မှာတော့ ဗိုလ်ချုပ်မြ မြုပ်တဲ့နေရာ မှာ သူတို့တက်လာတယ်။ အဲမှာ ချနေပြီ။”
 
၂၀၁ တပ်ရင်းကို ဒီကေဘီအေ တပ်ရင်း ၅၅၅ တို့ ထိုးစစ် ဆင်ပြီး ယခုရက်ပိုင်းက လက်လွတ်လိုက်ရသည့် တပ်ရင်း ၂၁ တွင် ဒီကေဘီအေ ၉၉၉ နှင့် ၃၃၃ တပ်ရင်းတို့က တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
 
“မနေ့က ခန့်မှန်းခြေက ဗိုလ်ချုပ်မြ မြုပ်ထားတဲ့ ဂူဘက်မှာ တက်လာတာက ၂၀၀ ၀န်းကျင် လောက် ရှိတယ်။ဒါပေမယ့် နှစ်ရာဝန်းကျင်ဆိုပေမယ့် အနောက်ကနေပြီးတော့ထုတာတွေများတယ်ဗျ။အနောက် က ဒီတောင်ကျောပေါ်ကနေ လှမ်းထုတာတွေ အများကြီးပဲ။ လက်နက် ကြီးတွေ ကျတာပေါ့ဗျာ အဲဒီ ကို။ အောက်က တက်တဲ့လူကတက်တယ်၊ လက်နက်ကြီးနဲ့ ထုတဲ့ လူက ထုတယ် အဲလိုမျိုးပေါ့။”
 
တိုက်ပွဲဖြစ်ပွားရာနေရာများဖြစ်သည့် ၂၁ တပ်ရင်းတွင် နှစ်ဘက် ထိခိုက်ကျဆုံးမှု မသိရသေးကြောင်း တပ်ရင်း ၂၁၂ တွင် ဒီကေဘီအေ ဘက်မှ ၆ ယောက် ထိခိုက်ဒဏ်ရာရှိသည်ဟု သိရသည်။
 
နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာသုံးရွာမှ ရွာသား ၅၀ ကျော် ထိုင်းနယ်မြေအတွင်း သို့ ထပ်မံထွက်ပြေး ခိုလှုံနေရသည်ဟု ကရင်ဒုက္ခသည်များ ကော်မတီ(ကေအာရ်စီ) တာဝန်ရှိ သူ တဦးက ပြောသည်။
 
ဇွန်လဆန်းပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် စစ်အစိုးရတပ်ပါအဝင် ဒီကေဘီအေ ဘက်မှ ထိခိုက်ကျ ဆုံးသူ ၁၄၀ ခန့်ရှိပြီး ကေအဲန်ယူဘက်မှ တပ်သား သုံးဦး ဒဏ်ရရှိကာ တပ်ရင်းသုံးရင်း လက်လွှတ်ဆုံးရှုံးလိုက်ရ သည်ဟု ကေအဲန်ယူက ပြောသည်။
 
ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံလာသည့် ကရင်ဒုက္ခသည် ၄၀၀၀ ခန့်အား ကရင်ကျန်းမာရေးအဖွဲ့၊ နယ် လှည့် ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့နှင့် ထိုင်းဒေသဆိုင်ရာ ကျန်းမာ ရေးအဖွဲ့များက အနီးကပ် ကူညီပြုစုပေး လျှက်ရှိသည်။
 
ကရင်ဒုက္ခသည်များကော်မတီနှင့် ထိုင်းမြန်မာနယ်စပ်အဖွဲ့က ဒုက္ခသည်များကို ကူညီ စောင့်ရှောက်ထားပြီး နယ် စပ်လုံခြံုရေးကို ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ကာ တင်းကျပ်စွာ ချထားသည်။

Most read this week