ကျောင်းဝင်ကြေး မတတ်နိုင််၍ ကျောင်းသားမိဘများ အခက်တွေ့

ကျောင်းဝင်ကြေး မတတ်နိုင််၍ ကျောင်းသားမိဘများ အခက်တွေ့
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျောင်းဝင်ကြေး မတတ်နိုင်၍ ကျောင်းသား မိဘများ အနေဖြင့် သားသမီးများကို ကျောင်းအပ်ရန် အခက်တွေ့ နေကြ ရသည်ဟု သတင်းရရှိ ...

 
မောင်အေး(နိရဥ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကျောင်းဝင်ကြေး မတတ်နိုင်၍ ကျောင်းသား မိဘများ အနေဖြင့် သားသမီးများကို ကျောင်းအပ်ရန် အခက်တွေ့ နေကြ ရသည်ဟု သတင်းရရှိသည်။
 
မောင်တောမြို့မှ ကျောင်းသား မိဘ တဦးက “အလယ်တန််းနဲ့ အထက်တန်းကျောင်းသား တယောက် အတွက် သတ်မှတ်ထားတဲ့ ကျောင်းဝင်ကြေးက ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ မူလတန်း ကျောင််းသား တယောက် အတွက် ကျောင်းဝင်ကြေးက ၅၀၀ ကျပ်ဖြစ်ပြီး လျောက်လွှာဖိုး ဆိုပြီး နောက်ထပ် ၂၀၀ ကျပ်် ပေးရပါတယ်။ ဒါ့အပြင် တခြား စာအုပ် စရိတ်၊ ကျောင်းဝတ်စုံဖိုးတွေလည်း ရှိပါသေးတယ်”ဟု ပြောသည်။
 
ကျောင်းသုံးစာအုပ်များ အတန်းလိုက် အမျိုးမျိုး စျေးဖြင့် ရောင်းချပြီး ဗလာစာအုပ်များကိုမူ အောက်ပါအတိုင်း သတ်မှတ်ရောင်းချသည်ဟု ဆရာမ တဦးက ပြောသည်။
 
“ ကျောင်းသုံး ဗလာ စာအုပ်ကိုတော့ အမျိုးစား ၄ မျိုး ခွဲထားပါတယ်။ လုံးဝ အကောင်းစားက တဒါဇင်ကို ၄၀၀၀ ကျပ် ၊ ဒုတိယ အကောင်းစား တဒါဇင်ကို ၂၅၀၀ ကျပ် ၊ တတိယတန်စား က ၁၅၀၀ ကျပ် ၊ နောက်ဆုံး အညံ့စားက ၈၀၀ ကျပ်် ဖြစ်ပါတယ်။”
 
၎င်းအပြင် အလယ်တန်း အောင်သည့် ကျောင်သားတယောက်ကို အထက်တန်းကျောင်းသို့ ပြောင်းရန် အတွက်လည်း ကျောင်းထွက် လက်မှတ် တစောင်ကို ၅၀၀၀ ကျပ် ကျောင်းအုပ် ဆရာကြီးများကို ပေးရသည်ဟု သိရသည်။
 
ကျောင်းဝင်ကြေး အပါအဝင် စာအုပ်ဖိုးနှင့် စာရေး ကရိယာဖိုးနှင့် ကျောင်းဝတ်စုံများ အတွက် အလယ်တန်းကျောင်းသား တဦး အနေဖြင့် အနည်းဆုံး ကျပ်ငွေ ၄၀၀၀၀ ခန့် သွင်းရသည်ဟု သိရသည်။
 
မောင်တောမြို့နယ်တွင် ၂၀၀၈ ခုနှစ်က ဆယ်တန်း စားမေးပွဲတွင် ကျောင်းသား ၂၃၀ ကျော်သာ အောင်မြင်ခဲ့သည်ဟု သိရသည်။

Most read this week