တောင်ကုတ်တွင် လုံခြံုရေး တင်းကျပ်

တောင်ကုတ်တွင် လုံခြံုရေး တင်းကျပ်
တောင်ကုတ်မြို့တွင် ရဲသားများအား အရေးကြီးသော နေရာများတွင် တပ်ဖြန့်ချထားလိုက်ပြီး လုံခြံုရေးကို တင်းကျပ်လိုက်သည်ဟု သတင်း ရရှိသည်။ အမည်မဖေါ်လိုသူ လူငယ်တဦးက “မနက်ဖြန် ဒေါ်စု မွေးနေ့ ဖြစ်တဲ့ အတွက် ပြဿနာတွေ ပေါ်ပေါက်မှာကို စိုးရိမ်ပြီး ရဲသားတွေနဲ့ တောင်ကုတ် လုံခြံုရေးကို တင်းကျပ် ...

 
တောင်ကုတ်မြို့တွင် ရဲသားများအား အရေးကြီးသော နေရာများတွင် တပ်ဖြန့်ချထားလိုက်ပြီး လုံခြံုရေးကို တင်းကျပ်လိုက်သည်ဟု သတင်း ရရှိသည်။
 
အမည်မဖေါ်လိုသူ လူငယ်တဦးက “မနက်ဖြန် ဒေါ်စု မွေးနေ့ ဖြစ်တဲ့ အတွက် ပြဿနာတွေ ပေါ်ပေါက်မှာကို စိုးရိမ်ပြီး ရဲသားတွေနဲ့ တောင်ကုတ် လုံခြံုရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
၎င်းအပြင် ထောက်လှမ်းရေးများလည်း အရပ်ဝတ်များဖြင့် နေရာတိုင်းတွင် ရှိနေသည်ဟု သိရသည်။
 
တခြား အမျိုးသမီး တဦးကလည်း “ဒေါ်စုမွေးနေ့ပွဲကို နှစ်တို်င်း တောင်ကုတ် NLD က တောင်ကုတ်မြို့မှာ ကျင်းပပါတယ်။ မနက်ဖြန်လည်း ကျင်းပမယ်ဆိုတဲ့ သတင်းဖြစ်ပေါ်နေတဲ့ အတွက် ဒီကနေ့က စပြီး လုံခြံုရေးကို တင်းကျပ်လိုက်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
 
တောင်ကုတ်မြို့၏ အရေးကြီးသော စျေးကြီး၊ ဖေါင်တော်ဦးဘုရားနှင့် မယကရုံးများတွင် ရဲသားများကို ယနေ့နံနက်တွင် စတင်တပ်ဖြန့်ချထားလိုက်ပြီး ယခင်နိုင်ငံရေး လှုပ်ရှားဖူးသူများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်ဟု သိရသည်။
 
ဒေါ်စုမွေးနေ့ပွဲနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့ လူထုက အခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်ဟု သိရသည်။

Most read this week