တရုတ်ရေနံတင်သင်္ဘော ကျောက်ဖြူ-မဒဲကျွန်းဆိပ်ကမ်းတွင် စတင် ဆိုက်ကပ်

တရုတ်ရေနံတင်သင်္ဘော ကျောက်ဖြူ-မဒဲကျွန်းဆိပ်ကမ်းတွင် စတင် ဆိုက်ကပ်
by -
နိရဥ္စရာ

အရှေ့အလယ်ပိုင်းမှ ရေနံများတင်ဆောင်လာသော ရေနံတင် သင်္ဘောသည် ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ် ကမ်းတွင် ဇန်နဝါရီလ၂၄ရက်နေ့က စတင်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။

ယင်းသင်္ဘောသယ်ယူလာသော ရေနံများကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်းရှိ ရေနံ သိုလှောင်ကန်များမှ တဆင့် မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ ပိုက်လိုင်းဖြင့် တင်ပို့မည် ဖြစ်သည်။

fw9sqd9b

“ အခု ၀င်လာတဲ့ သင်္ဘောက အလျားပေ ၁၁၅၀ရှိပြီး  ရေနံစိမ်း တန်ချိန် တစ်သိန်းသုံးသောင်း(၁၃၀၀၀၀)ခန့် တင်ဆောင်လာတယ်လို့ သိရပါတယ်။  ဇန်နဝါရီ၂၄ရက် နေ့လည် ၁ နာရီ မိနစ် ၃၀ အချိန်ခန့်မှာ မဒဲကျွန်း ဆိပ်ကမ်းကို ဆိုက်ကပ်လာပါတယ်” ဟု ကျောက်ဖြူ ဆိပ်ကမ်းအာဏာပိုင် တစ်ဦးက ပြောသည်။

ယင်းသင်္ဘောသည် လွန်ခဲ့သော ငါးရက်က သင်္ဘော ကျောက်ဖြူနှင့် ရေမိုင်၃၀ အကွာလောက်မှာ ကျောက်ချ ရပ်နားနေခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က ၀င်ရောက်ဆိုက်ကပ်လာခြင်း ဖြစ်သည်။

“ရေနံပိုက်လိုင်းဖွင့်ပွဲကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်။ နိုင်ငံတော်အဆင့် အကြီးအကဲတွေ လာရောက် ဖွင့်လှစ်မှာ ဖြစ်ပါတယ်” ဟု ယင်းဆိပ်ကမ်းအာဏာပိုင်က ဆိုသည်။

ယခု သင်္ဘောသည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ပထမဆုံး မြန်မာမြေပေါ်ကို ဖြတ်ပြီး အိမ်နီးချင်းနိုင်ငံတစ်ခုသို့ ရေနံပို့ရန် ၀င်ရောက်လာသော သင်္ဘောဖြစ်သည်။

ဒေသခံများအနေဖြင့်မူ ရေနံတင်သင်္ဘောများဝင်ရောက် လာသဖြင့် ၎င်းတို့ လုပ်ကိုင်စားသောက်နေသော ရေ လုပ်ငန်းများ ပျက်စီးမည်ကို သာမက သဘာဝ ပတ်ဝန်းကျင်များလည်း ပျက်စီးထိခိုက်မည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။

ဒေသခံများ ကန့်ကွက်မည်ကို စိုးရိမ်သဖြင့် မဒဲကျွန်းတွင်နေပြည်တော်မှ ရဲတပ်ဖွဲ့ဝင် ၆၀ ခန့်ကိုလည်း နေရာချ ထားကြောင်း ကျောက်ဖြူဒေသခံ ကိုထွန်းထွန်းနိုင်က ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒဲကျွန်း တရုတ်ရေနံဆိပ်ကမ်းမှ တဆင့် အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ သသေင်္ဘာများဖြင့် သယ်ယူလာသော ရေနံများကို မြန်မာပြည်ကို ဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့မည် ဖြစ်သည်။

Most read this week