နိုင်ငံတော်သမ္မတမှ ရခိုင်အရေးအခင်းတွင် ထိပ်တန်းက ပါ၀င်ပတ်သက်သူတစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာ ခွင့်ထုတ်ပြန်

နိုင်ငံတော်သမ္မတမှ ရခိုင်အရေးအခင်းတွင် ထိပ်တန်းက ပါ၀င်ပတ်သက်သူတစ်ဦးအတွက် အထူးလွှတ်ငြိမ်းချမ်းသာ ခွင့်ထုတ်ပြန်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အရေးအခင်းတွင် ကြိုးကိုင်ပါ၀င်သူဟု စွပ်စွဲခံရပြီး ထောင် ၁၇ နှစ် ချမှတ်ခံထားရသူ တစ်ဦးအတွက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။ ယင်းထုတ်ပြန် ချက်ကို ဇန်နဝါရီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

လွှတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ ထောင်ထဲမှ လွှတ်မြှောက်လာသူမှာ မောင်တောအကြမ်းဖက်မှုတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါ၀င် ပတ်သက်သည်မှာ ထင်ရှားသဖြင့် စစ်တွေခရိုင် တရားရုံးမှ ထောင်  ၁၇ နှစ်ချမှတ်ခံရသူ ဒေါက်တာထွန်းအောင် (ခ) နူရာဟောက် ဖြစ်ကြောင်း သိရသည်။

Narinjara

လွန်ခဲ့တဲ့ ၂၀၁၂ ခုုနှစ် ဇွန်လ ၈ ရက်နေ့က ရခုုိင်ပြည် နယ် မောင်တောမြို့ပေါ်ရှိ ရခိုင်ရပ်ကွက်နှင့် ရခိုင်ကျေးရွာအချို့ကို ဘင်္ဂလီမွတ်ဆလင်များမှ အုပ်စုဖွဲ့ တိုက်ခိုက်မီးရှို့မူ ဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုတွင် ရခိုင်လူမျိုးအနည်းဆုံး ရ ဦး သေဆုံးပြီး အိမ်ပေါင်း ၅၀၀ ခန့် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။

ထိုတိုက်ခိုက်မူမှာ မောင်တောမြို့ မြို့မ ဗလီတွင် ဆုတောင်းပွဲတစ်ရပ် အပြီးတွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဆုတောင်းပွဲအား ဒေါက်တာထွန်းအောင် (ခ) နူရာဟောက်က ထိုစဉ်က နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးခွင့်ပြုချက်ဖြင့် စီစဉ် ပြုလုပ်ခဲ့သည်။

ဆုတောင်းပွဲ အပြီးတွင် ရာပေါင်းများစွာသော ဘင်္ဂလီများသည် တုတ်ဓါးလက်နက်များ ကိုင်ဆောင်ကာ ဗလီမှ ထွက်လာကြပြီး  ကြွေးကြော်သံများ ကြွေးကြော်၍ မောင်တောမြို့ပေါ်ရှိ ဗိုလ်မှူးရွာကို စတင် မီးရှို့တိုက်ခိုက်ခဲ့သည်။ နောက်ပိုင်းတွင် တစ်ခြားရခိုင်ရွာ အများအပြားလည်း မီးရှို့တိုက်ခိုက်ခံခဲ့ရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆုတောင်းပွဲအား ဦးဆောင်စီစဉ်သူ ဒေါက်တာ ထွန်းအောင်အား ဇွန်လ ၁၁ ရက်နေ့က မောင်တော UNHCR ရုံးခွဲတွင် ပုန်းခိုနေစဉ် ရဲက ဖမ်းဆီးခဲ့ပြီး ပြစ်မှု ထင်ရှားသဖြင့် တရားစွဲဆိုခဲ့သည်။ ဒေါက်တာထွန်းအောင်အား မောင်တောမှ စစ်တွေသို့ ယူဆောင်ခဲ့ပြီး စစ်တွေခရိုင် တရားရုံးက ထောင် ၁၇ နှစ် ချမှတ်ခဲ့သည်။

နောက်ပိုင်းတွင် နိုင်ငံတကာမှ ဖိအားကြောင်း ဒေါက်တာထွန်းအောင်ဟာ မူလက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရာမှ ပြစ်ဒဏ်ကိုု ၉  နှစ်လျှော့ပေါ့ သတ်မှတ်ခဲ့သည်။

ယခုတစ်ခါ နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီက ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

သူလွှတ်မြှောက်ရေးအတွက် အမေရိကန်အောက် လွှတ်တော်အမတ် Aaron Schock ၀ိုုင်းဝန်းကူညီခဲ့ပြီး ကျန်ကူညီခဲ့သော အဖွဲ့အစည်းတစ်ခုမှာ ချက်နုုိ်င်ငံအခြေစိုုက် Prague Freedom Foundation ဖြစ်ကြောင်း သိရသည်။

လူပေါင်းအများအပြား သေစေခဲ့ပြီး နိုင်ငံ၏ တည်ငြိမ်ရေးကို ပျက်ပြားစေရန် ကျူးလွန်ခဲ့သူ တစ်ဦးအား နိုင်ငံတော် သမ္မတမှ အထူးလွှတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ လွှတ်ပေးလိုက်ခြင်း အပေါ် အများက ဝေဖန်မှုများ ထွက်ပေါ်နေသည်။ ယခုလုပ်ရပ်မှာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို အယုံအကြည်မဲ့စေသည်ဟု စစ်တွေ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောဆိုသည်။

“ ဒေါက်တာ ထွန်းအောင်ဟာ ၂၀၁၂ ခုနှစ်ရခိုင်ပဋိပက္ခ ဖြစ်ပွားအောင် လုံ့ဆော်တဲ့ နေရာမှာ အဓိက ဇာတ်ကောင် ဖြစ်ပါတယ်။ အခုသူ့ကို ပြန်လွှတ်လိုက်တယ်ဆိုတော့ သူကြောင့်  တည်ငြိမ်နေတဲ့ ရခိုင်အရေးက ပြန်ပြီး မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ တစ်ခြားတစ်ဘက်မှာလည်း အဲဒီပဋိပက္ခကြောင့် ထောင်ထဲမှာ ဒီင်္အမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေလည်း အများကြီးရှိနေတယ်။ အဲသလို ရှိနေတာကို သူတစ်ယောက်တည်းကို ပြန်လွှတ်လိုက်တယ် ဆိုတော့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို အများကြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။

Most read this week