ပစ္စည်းအပြည်အစုံ မပါရှိသည့် ကားများ လေလံပွဲ မြစ်ကြီးနားတွင် ကျင်းပနေ၊ လိုင်စင်လိုချင်သူများ ဝယ်ယူနေ

ပစ္စည်းအပြည်အစုံ မပါရှိသည့် ကားများ လေလံပွဲ မြစ်ကြီးနားတွင် ကျင်းပနေ၊ လိုင်စင်လိုချင်သူများ ဝယ်ယူနေ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကားလေလံတင်ပွဲ ကျင်းပနေရာ ကားပစ္စည်း အပြည်အစုံ မပါရှိသော်လည်း ကားလိုင်စင် ရရှိရေးအတွက် ဝယ်ယူကြသူများသဖြင့် စည်ကားနေသည်။ ကားလေလံတင်ပွဲကို ဇွန်လ (၁၁) ရက်နေ့မှ စတင်၍ ရောင်းချခြင်း ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကားလေလံတင်ပွဲကျင်းပနေရာ ကားပစ္စည်း အပြည်အစုံ မပါရှိသော်လည်း ကားလိုင်စင်ရရှိရေးအတွက် ဝယ်ယူကြသူများသဖြင့် စည်ကားနေသည်။

ကားလေလံတင်ပွဲကို ဇွန်လ(၁၁)ရက်နေ့မှစတင်၍ ရောင်းချခြင်းဖြစ်သည်။
 
(၂ဝဝ၃)ခုနှစ် အတွင်းက သိမ်းဆီးခဲ့သည့် လိုင်စင်မဲ့ကားများအပါအဝင် တောထဲတွင် ဖမ်းဆီး ရမိခဲ့သည့် တရုတ်နိုင်ငံထုတ် သစ်တင်ကားများ စုစုပေါင်း ကားအစီးရေ (၁၇ဝ)ဝန်းကျင် ရှိနေပြီး တစီးလျင် ကျပ်(၁၅)သိန်းမှ သိန်း(၁ဝဝ)  အထိ လေလံတင် ရောင်းချနေသည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။
“ကားတွေက အတော်များများ မကောင်းတော့ဘူး။ မီးသီးမပါတာ၊ မှန်မပါတာ။ ထိုင်ခုံမပါတာ၊ ဒက်စ် ဘုတ်တောင် မပါတာရှိတယ်၊ ဖြုတ်ရောင်းထားပြီးနေပြီလေ။ အဲဒါကို ယာဉ်ထိန်းတပ်ရင်း ထဲမှာ ထား တာ။ နံပတ်တွေ ထိုးထားတယ်။ ကြိုက်တယ်ဆိုရင် မိုးလုံလေလုံအားကစားကွင်း ထဲက လေလံတင် ပွဲမှာ ဝင်ဆွဲပေါ့၊”

ပစ္စည်းအပြည့်အစုံမပါသော်လည်း လိုင်စင်များ ရရှိရေးအတွက် ရန်ကုန်၊ မန္တလေးဘက်မှ ကားပွဲစားများပါ လာ ရောက်ကြသဖြင့် စည်းကားနေသည်ဟု အဆိုပါ မြို့ခံက ပြောသည်။

“ရန်ကုန်၊ မန္တလေးဘက်က လေလံလာပြိုင်တဲ့သူတွေ ရှိတယ်။ တချို့ကလည်း လာ လေ့လာ တာပေါ့။ စျေးကလည်း မဆိုးဘူးဆိုရင်တော့ လေလံဝင်ဆွဲကြတာ။ ပစ္စည်းနည်းနည်းသန့်တဲ့ ပါဂျဲရိုးတို့ဆို သိန်း(၁ဝဝ)လောက်နဲ့ရတယ်။ ပစ္စည်းတွေ ပြန်ထည့်၊ ကညနရုံးမှာတက်၊ အားလုံး ပေါင်း သိန်းနှစ်ရာ ကျော်ကျော်လောက်နဲ့ ပါဂျဲရိုး စီးလို့ရနေပြီလေ။ စိတ်ဝင်စားတဲ့သူတွေ အတွက်တော့ လုပ်လို့ကောင်း ပါတယ်၊”

မြန်မာပြည်အတွင်း ပြည်ပမှ ကားတင်သွင်းခွင့်ကို အာဏာပိုင်များနှင့် နီးစပ်သူများကသာ ရရှိနေသလို ကားလိုင် စင် ရယူရာတွင် အခက်ခဲများရှိသည့်အတွက် ကားလိုင်စင်ရှိပြီးသည့် ကားများနှင့် လေလံပွဲမှကားများသည် လိုင်စင်ရ ယူရာတွင် လွယ်ကူသဖြင့်  စီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေသည့် အဆိုပါ ကားလေ လံပွဲများကို  ယခင် နှစ်ပိုင်းကစ၍ မြန်မာပြည်နေရာအနှံ့တွင် စတင် ကျင်းပလာခဲ့သည်။

Most read this week