ပြည်နယ်အစိုးရကို အကြည်အညိုပျက်စေမှုဖြင့် စစ်တွေတွင် တက်ကြွလှုပ်ရှားသူ အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ

ပြည်နယ်အစိုးရကို အကြည်အညိုပျက်စေမှုဖြင့် စစ်တွေတွင် တက်ကြွလှုပ်ရှားသူ အမျိုးသားရေးနိုင်နိုင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် အရေးကို တက်ကြွစွာ လှုပ်ရှားနေသူ တစ်ဦးဖြစ်သည့်် အမျိုးသားရေးနိုင်နိုင်အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်ညိုပျက်စေအောင် ပြုလုပ်သည်ဟု စွပ်စွဲကာ အာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု သိရသည်။

သူ့အား ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ ရ နာရီ ၀န်းကျင်က ရဲတပ်ဖွဲ့မှ စစ်ဆေးစရာရှိသည်ဟု ဆိုကာ ခေါ်ယူ သွားခဲ့သည်ဟု သိရသည်။

naing-naing

စစ်တွေ အမှတ် (၁) ရဲစခန်းသို့ ဆက်သွယ်ရာ အများပြည်သူကို အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း မြို့မရဲစခန်း ရဲအုပ် ဦးအောင်မြင့်ဦးက နိရဥ္စရာသတင်းဌာသို့ အတည်ပြုပြော ကြားသည်။

“ကိုနိုင်နိုင်အဖမ်းခံတာမှန်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို အများပြည်သူ အကြည်အညို ပျက်စေအောင် လုပ်မှု ၅၀၅ (ခ) နဲ့ဖမ်းတာပါ။ ပြည်နယ်ပညာရေးမှူး ကျောင်းရှေ့၊ ကျောင်းနံရံတွေမှာ ပြည်နယ်အစိုးရအဖွဲ့ကို အရေးယူဖို့ ဖြန့်စာတွေ လိုက်ကပ်ပါတယ်။ ဒါကို ပြည်နယ်ပညာရေးမှူးက တိုင်ကြားလို့ ဖမ်းတာပါ။ ဒီဇင်ဘာလ ၂၂ ရက်နေ့က ဖမ်းတာပါ။ ကျွန်တော် အပြင်တစ်နေရာ ရောက်နေတော့ အချိန်အတိအကျကို မပြောနိုင်ပါဘူး”ဟု ရဲအုပ် ဦးအောင်မြင့်ဦးက ပြောသည်။

အမျိုးသားရေး နိုင်နိုင်အား ဒီဇင်ဘာလ ၂၃ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး အာမခံ မပေးဘဲ ရခိုင်ပြည်နယ် အစိုးရအား အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တရားစွဲတင်ခဲ့သည်ဟု အမျိုးသမီး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ကျော့စိန်က ပြောကြားသည်။

အမျိုးသားရေးနိုင်နိုင်သည် ဘင်္ဂလာဒေချ့်နို်င်ငံတွင် အတိုက်အခံ ဘဝဖြင့် နှစ်ပေါင်းများ စွာ ရည်တည်လူပ် ရှားနေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘင်္ဂလားဒေ့ချ်-မြန်မာ နယ်စပ်မှ တဆင့် ရခိုင်ပြည်နယ်ထဲသို့ ပြန်လည် ၀င်ရောက်လာခဲ့သည်။

ကိုနိုင်နိုင်သည် ရခိုင်အမျိုးသားရေးကို တက်တက်ကြွကြွ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး အရက် တိုက်ဖျက်ရေးနှင့် ရခိုင်အမျိုးသားရေးလုပ်ငန်းများကို တစ်ကိုယ်တော် လုပ်ဆောင် နေသူတစ်ယောက် ဖြစ်ကြောင်းသိရသည်။

ကိုနိုင်နိုင်အဖမ်းခံရသည်မှာ ဒီဇင်ဘာလ ၁၈ ရက် နေ့စွဲ ဖြင့် ထုတ်ပြန်သော ကျေညာချက် တစ်စောင်ကြောင့် ဖြစ်ကြောင်း ဒေါ်ကျော့စိန်က ပြောသည်။

ယင်းစာတွင် “ ရခိုင်ပြည်နယ် စစ်တွေမြို့သည် တစ်ချိန်က ပညာရေးတွင် အလွန်တရာမှ အောင် ချက် ကောင်းသော မြို့တစ်မြို့ဖြစ်ခဲ့ပြီး၊ ယခုအချိန်အခါ ပညာရေးမှာ အလွန်တရာ ကျဆင်းနေသည့် အချိန် ဖြစ်သဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အနေဖြင့် ပွဲတော်များတွင် အလွန်တရာ ပင်ပန်း၊ အလွန်တရာကျောင်းပျက် ခံကာ စာမသင်ရပဲ အကများဖြင့် ဖြေဖျော်နေရသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ကျောင်းသား ကျောင်းသူများ ပညာမတတ်၊ စာမတတ်ဖြစ်အောင် လုပ်ဆောင်နေသည်နှင့် တူသည့်အတွက် နောက်နောင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပွဲတော်များနှင့် တခြားပွဲတော်များတွင် ကျောင်းသူကျောင်းသားများကို အသုံချပြီး ကပွဲများမပြုလုပ်ပါရန် ကျွန်တော်ကျောင်းဆရာတစ်ဦးအနေဖြင့် စာရေးအကြောင်းကြား တောင်းဆိုပါသည်”ဟု ပါရှိသည်ဟု သိရသည်။

ယင်းစာကို ၀န်ကြီးချုပ်ထံသို့တိုက်ရိုက်ပေးပို့သည့်အပြင် စစ်တွေမြို့ နေရာအနှံ့အပြားတွင် လိုက်လံ ဖြန့်ဝေခဲ့မှုသည့် အပြင် ပြည်နယ်ပညာရေးမှူးရုံး ကျောင်းဝင်း နံရံများတွင် စတေကာ ကပ်မှုများ ပြုလုပ်ခဲ့သဖြင့် တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရသည်။

Most read this week