ဘင်္ဂလာဒေချ့်မှ ရခိုင်မျိုးနွယ်စုဝင် လူပေါင်း ၃၀ ကျော် မြန်မာနိုင်ငံတွင် ခိုလူံရန် ရောက်ရှိ

ဘင်္ဂလာဒေချ့်မှ ရခိုင်မျိုးနွယ်စုဝင် လူပေါင်း ၃၀ ကျော် မြန်မာနိုင်ငံတွင် ခိုလူံရန် ရောက်ရှိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသမှ  ထွက်ပြေးလာကြသော ရခိုင်မျိုးနွယ်စုဝင် ၃၀ ကျော်ခန့်သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က   ကျောက်တော်မြို့ကို ရောက်ရှိလာခဲ့ကြောင်း သိရသည်။

“ အခု ထွက်ပြေးလာတဲ့သူ က စုစုပေါင်း  ၃၁ ဦး ဖြစ်ပြီး မိန်းမတွေနဲ့ ကလေးတွေလည်း ပါ၀င်ပါတယ်။ အခု သူတို့ကို  ကျောက်တော်မြို့ပေါ်က သာသနာဗိမာန်နေရာချပေးထားပါတယ်” ဟု လူမှုရေး အကူအညီများ ကိုယ်တိုင်သွားရောက်ပေးခဲ့သူ ကျောက်တော် ဒေသခံ ဦးမောင်အေးသိန်းက ပြောသည်။

narinjara2301

သူတို့အထဲတွင် ယောကျင်္ားကြီး ၉ ဦး၊ မိန်းမကြီး ၁၁ ဦး၊ ကလေးကယ် ၁၁ ဦး ပါ၀င်သည်ဟု သိရသည်။

ယခုထွက်ပြေးလာကြသူများမှာ ဘင်္ဂလာဒေချ့် နိုင်ငံ ဘင်ဒရိုဘင်ခရိုင် (ရွာတော်ခရိုင်) တန်းဆိပ်မြို့နယ် ရမ္မက်ကြီး ကျေးရွာမှ ဖြစ်ကြကြောင်း၊ သူတို့သည် ပထမဆုံးအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ၀င်ရောက်လာပြီး ယင်းမှ တဆင့် ကျောက်တော်မြို့သို့ ရောက်ရှိလာကြောင်း သိရသည်။

“ ဟိုမှာက မူဆလင်တွေက အနှောင့်အယှက်ပေးတော့ လုပ်ကိုင်စားသောက်ရတာ အခက်အခဲရှိတယ်လို့ သူတို့က ပြောပါတယ်။ အခက်အခဲ ဖြစ်တော့ စီးပွားရေး အဆင်မပြေဘူး။ မူဆလင်တွေ နှောင့်ယှက်တာ ကိုလည်း ကြောက်ရတော့ ဒီကို ထွက်ပြေးလာကြတာလို့ ပြောပါတယ်” ဟု ဦးမောင်အေးသိန်းက ဆိုသည်။

ကျောက်တော်မြို့နယ် အာဏာပိုင်များမှ သူတို့ တည်းခိုနေရာသို့ လာရောက်ပြီး လူစာရင်းကို ကောက်ယူသွား သည်ဟု သိရသည်။

ယခုထွက်ပြေးလာသော အုပ်စုသည် ယခုနှစ်ပွင့်လင်းရာသီတွင် ပထမဆုံးဝင်ရောက်လာ အုပ်စု ဖြစ်ပြီး ယခင်နှစ်များက ၀င်ရောက်လာသူ အရေအတွက်မှာ စုစုပေါင်း တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

သူတို့ နေထိုင်ရာ ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသသည် ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဒေသဖြစ်ပြီး မကြာခဏဆိုသလို ဘင်္ဂလီများ၏ တိုက်ခိုက်မှုကို ခံနေကြရသည်ဟု သိရသည်။

ယခုလ ၁၆ ရက်နေ့ကလည်း စစ်တကောင်း တောင်တန်းနယ် ရန္တဂါမတီ ခရိုင်တွင် ဘင်္ဂလီ ပြောင်းရွှေ့ အခြေချသူ ၅၀၀ နီးပါးခန့်သည် ဗုဒ္ဓဘာသာ သက်လူမျိုးများနေထိုင်ရာ ကျေးရွာ (၃) ရွာကို ၀င်ရောက် လာပြီး မီးရှို့သဖြင့် အိမ်ခြေ ၆၀ နှင့် ဘုန်းကြီးကျောင်းတစ်ကျောင်းတို့ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

Most read this week