ဂတ်(စ်)ပို်က်လိုင်းကြောင့် ရွှံ့ဖုံးမြေ လယ်ပိုင်ရှင်များ နစ်နာကြေး တောင်းဆို

ဂတ်(စ်)ပို်က်လိုင်းကြောင့် ရွှံ့ဖုံးမြေ လယ်ပိုင်ရှင်များ နစ်နာကြေး တောင်းဆို
by -
နိရဥ္စရာ

 ကျောက်ဖြူမြို့နယ်တွင် ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျှောက် တည်ရှိသော လယ်မြေရွံ့ဖုံးခံရ၍ ပျက်စီးသွားသဖြင့်  လယ်ပိုင်ရှင်များက နစ်နာကြေးရရှိရန်အတွက်  ဒီဇင်ဘာ(၁၇)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ သွားရောက် တင်ပြတောင်းဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

ဂတ်(စ်)ပိုက်လိုင်း လမ်းကြောင်းတစ်လျောက် ဘေးဝဲယာရှိလယ်မြေများ ရွှံ့ဖုံးခံရသောကြောင့် ရွာပေါင်း(၈)ရွာမှ လယ်ယာမြေပိုင်ရှင်(၄၀)ကျော်ခန့်  နစ်နာကြေးရရှိရန်သွားရောက် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

Arakan-Gas-pipeline-construction

“အရင်နှစ်တွေကဆိုရင် မိုးကုန်တာနဲ့ မြေစာရင်းက လာတိုင်းပြီး နစ်နာကြေးတွေပေးပါတယ်။ ဒီနှစ်မှာတော့ မိုးသာကုန်သွားတယ် ဘာသံမှမကြားရဘူး။ ဒါကြောင့် သွားရောက် တောင်းဆိုရခြင်းဖြစ်တယ်” ဟု လယ်မြေယာ ရွံ့ဖုံးခံရတဲ့ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးစံမြ ကပြောပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်း၊ MOGE မှတာဝန်ရှိသူများက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီဌာနရုံးတွင် လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ ရွံ့ဖုံးမြေဧက စာရင်းနှင့် ကို မြေစာရင်း ဦးစီဌာနက စာရင်းမရောက်သေးသောကြောင့် နစ်နာကြေးမပေးသေးတာဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် နစ်နာကြေးများကို အဆင်ပြေအောင် လုပ်ပေးမည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သီးနှံလျော်ကြေး စျေးနုန်းကို ဘယ်လောက်သတ်မှတ်မလဲဆိုတာမသိသေးလို့ စာရင်းမတင်ရသေးဟု မြေတိုင်း စာရေးက ပြောသည်။

နိုဝင်ဘာလ (၂၁)ရက်နေ့ကလည်း ရွံ့ဖုံးလယ်မြေပိုင်ရှင်(၃၀)ကျော်ခန့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့  နစ်နာကြေးရရှိရေးအတွက် သွားရောက် ခဲ့ကြောင်းသိရပါသည်။

ယခင်နှစ်တွေက ပိုက်လမ်းကြောင်းကြောင့်ရွံ့ဖုံးလယ်ယာမြေများကို တစ်ဧကလျှင် စပါးရ၅တင်းနုန်းဖြင့် စပါးတစ်တင်းကို ၅၅၀၀ကျပ်နုန်း နစ်နာကြေးပေးခဲ့ကြောင်းသိရသည်။

ပိုက်လိုင်းတစ်လျှောက် လယ်ယာမြေရွှံ့ဖုံးခံရသော မလကျွန်း၊ ပြိုင်းစေ့ကေ၊ နှမ်းဖဲတောင်၊ ကန္ဒီး  စသည့် ကျေးရွာတို့မှာလည်း နစ်နာကြေးမရသေးကြောင်း သိရသည်။

ယခုသွားရောက်နစ်နာကြေးတောင်းဆိုခဲ့ကြသောလယ်သမားများမှာ ကလဘာတောင်၊ ထောင့်ချောင်း၊ ဦးကင်း၊ စည်မော်၊ ကြတ္တိန်၊ သပြုတောင်၊ သဖန်းခါး၊ ပျားတဲ စသည့် ကျေးရွာများမှ လယ်မြေရွှံ့ဖုံးခံရသော လယ်သမား အယောက်(၄၀)ကျော်ခန့်သွားရောက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

Most read this week