ကရင်နှင့် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင်တွေ့ဆုံ

ကရင်နှင့် ရခိုင်လူမှုအဖွဲ့အစည်းများ စစ်တွေတွင်တွေ့ဆုံ
by -
နိရဥ္စရာ

ကရင်ပြည်နယ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းများနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ရခိုင်လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်ပွဲ တစ်ခုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က စစ်တွေမြို့ရှိ ရတနာမိုး စားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြသည်။

ယင်းတွေ့ဆုံပွဲတွင် မတူကွဲပြားသော ထိုင်းနိုင်ငံနယ်စပ်ရှိ ကရင်ဒုက္ခသည် စခန်းနှင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်း ရခိုင်ဒုက္ခသည်စခန်း အခြေအနေများနှင့် ပတ်သက်၍ အမြင်ဖလှယ်မှုများ ကို ပြုလုပ်ခဲ့ကြသည်။

DSC00684

ယင်းလူမှုအဖွဲ့အစည်း လာရောက်တွေ့ဆုံရခြင်းမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေအကြား၊ တိုင်းရင်းသားတွေအကြား ပိုမိုနားလည်မှုရှိလာအောင်၊ ဖယ်ဒရယ်စနစ် ဖွဲ့စည်းရာတွင် လွယ်ကူမှုရှိလာအောင် ရည်ရွယ်၍ လာရောက်ခြင်းဖြစ်ကြောင်း ကရင်ကိုယ်စားလှယ်များက ပြောသည်။

ယင်းဆွေးနွေးပွဲသို့ လူပေါင်း ရ၀ ခန့် တက်ရောက်ခဲ့သည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်လူမှုအဖွဲ့အစည်းနှင့် Dialogue and Facilitation Team မှ အဖွဲ့ဝင်များသည် စစ်တွေမြို့ပေါ်ရှိ ဘင်္ဂလီဒုက္ခသည်စခန်း၊ ရခိုင်ဒုက္ခသည်စခန်းနှင့် မာရမာကြီးဒုက္ခသည်စခန်း များသို့ မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ကြသည်။

Most read this week