သံတွဲ ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်သူများအား နှစ်ရှည်ထောင်ဒဏ်များချမှတ်

သံတွဲ ပဋိပက္ခအတွင်း လူသတ်မှုကျူးလွန်သူများအား နှစ်ရှည်ထောင်ဒဏ်များချမှတ်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း လူသတ်မှု ကျူးလွန်သူ မွတ်ဆလင် (၁၀) ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သတင်း ရရှိသည်။

ထောင်ဒဏ် ချမှတ် ခံရသူများထဲမှ (၃) ဦးကို ထောင်ဒဏ် တစ်သက် တစ်ကျွန်းနှင့် ကျန်လူများကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း သံတွဲခရိုင် မူခင်းရဲဌာန အရာရှိ တစ်ဦးက အတည်ပြု ပြောကြားသည်။

DSCN1048

တစ်သက်တစ်ကျွန်း ချမှတ်ခံရသူ (၃) ဦးမှာ ဟာမစ်၊ ခင်မောင်လွင်နှင့် ငတာ(ခ) လှမြင့်တို့ဖြစ်ကြသည်။ သူတို့အား  ပုဒ်မ ၃ဝ၂(၂)အရ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် ပုဒ်မ ၃၂၆/၃၄ အရ ၁ဝ နှစ်စီ သီးခြား ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

ကျန် (၇) ဦးထဲမှ တင်ရွှေ၊ ကျော်သူလေး၊ ရဲထွဋ်အောင်၊ လိုင်ခင်တို့ (၄) ဦးအား ပုဒ်မ ၃၂၆/၃၄ အရ ထောင်ဒဏ် ရ နှစ်စီ ချမှတ်ခဲ့ပြီး  လိုင်ခင်နှင့် တင်နောင်ထွန်းအား ပုဒ်မ ၃ဝ၂/၂ဝ၁ အရ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

အမျိုးသမီးတစ်ဦး ဖြစ်သူ ခင်မေသန်းအား ပုဒ်မ ၃ဝ၂/၁၁၄ အရ ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့က တောင်ကုတ်မြို့မှ သံတွဲမြို့သို့ မောင်းနှင်လာသော ဆိုင်ကယ် နှစ်စီးအား မွတ်ဆလင် လူအုပ်တစ်ခုကမှ လင်းသီကျေးရွာမှနေပြီး တုတ်ဓါးများဖြင့် တားဆီးတိုက်ခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင်ပို့ခဲ့ရသည်။

ယင်းသတ်ဖြတ်မှုတွင် ယခု ထောင်ချခံရသူ (၁၀) ဦးမှာ ဦးဆောင်ပါ၀င်သည်ဟု ဆိုကာ သံတွဲခရိုင် တရားရုံးက ယခုလို နှစ်ရှည် ထောင်ဒဏ်များ အသီးသီးထောင်ဒဏ်များ ချမှတ်လိုက်ခြင်း ဖြစ်သည်။

Most read this week